တနင်္သာရီတိုင်းဒေသကြီး၊ မြေယာအသုံးချမှုစီမံခန့်ခွဲရေးနှင့် မြေယာအသုံးချမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းသတင်း (နေပြည်တော်၊ ၁၂-၆-၂၀၁၄)

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် အဖိုးတန်သယံဇာတများကြွယ်ဝလှသည့် အရှေ့ တောင်အာရှ၏ အကြီးဆုံးကုန်းတွင်းနိုင်ငံတစ်ခုဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်တည်ဆောက်ရာ၌ စနစ်ကျသော သယံဇာတစီမံအုပ်ချုပ်မှုရှိရန်လိုအပ်ပါသည်။ သင့်တင့်သော လူဦးရေအချိုးအစားနှင့် ကျယ်ပြန့်သော နယ်မြေဧရိယာပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေနှင့် မြေယာအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုများကောင်းမွန်တိုးတက်လာစေရန်နှင့် စနစ်တကျဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ မြေယာအသုံးချမှုစီမံခန့်ခွဲရေးနှင့် မြေယာအသုံးချ မှုဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲများကိုလည်း ကျင်းပလျက်ရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ် အင်ကြင်းခန်းမတွင် “တနင်္သာရီတိုင်းဒေသကြီး၊ မြေအသုံးချမှုနှင့် အုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ဆက်စပ်ပတ်သက်သူများ၏ အကြံပြုဆွေးနွေးပွဲ” ကိုကျင်းပခဲ့ရာ အဆိုပါ ဆွေးနွေးပွဲအခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးမှ အကြံပေး ဦးတင်ထွဋ်ဦး၊ ဝန်ကြီးဌာနမှ အကြီးအကဲ များ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စား လှယ်များ၊ မြေယာခွဲဝေအသုံးချမှုစီစစ်ဆောင်ရွက်ရေးကော်မတီဝင်များ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရန်ပုံငွေ (World Wide Fund For Nature - WWF) မှ ပညာရှင်များ၊ စာတမ်းရှင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးအနေနှင့် စတင်တာဝန်ယူ ခဲ့သည့် ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှစတင်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ သယံဇာတအရင်း အမြစ်များကို အကျိုးရှိရှိနှင့် စနစ်တကျအသုံးချနိုင်ရေးအတွက် မြေအသုံးချမှု မူဝါဒ (Land Use Policy)ရေးဆွဲရေးနှင့် မြေအသုံးချမှုစီမံကိန်း(Land Use Management Plan)ရေးဆွဲရေး လုပ်ငန်းစဉ်များလည်းပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ထိုသို့ မြေယာအသုံးချမှု မူဝါဒ နှင့် မြေအသုံး ချမှုစီမံကိန်းများ မရှိခဲ့သည့်အတွက် ဒေသခံပြည်သူများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအကြား မြေအသုံးချမှုဆိုင်ရာ ပဋိပက္ခများနှင့် အငြင်းပွားမှုများကြုံတွေ့လာရကြောင်း၊ အစိုးရ၊ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူများအကြား မြေယာအသုံးပြုမှုဆိုင်ရာ အငြင်းပွားမှုများပေါ်ပေါက်ခြင်းနှင့်အတူ စက်မှု၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မြို့ပြကဏ္ဍများအကြား ပေါ်ပေါက်လာသော အငြင်းပွားမှုများသည်လည်း မြေယာအသုံးချမှု မူဝါဒကို ချမှတ်ထားနိုင်ခြင်း မရှိသေးသည့်အတွက်ဖြစ်ကြောင်း၊ မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီကို (၁၈-၆-၂၀၁၂) ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ပြီးမြေယာအသုံးချမှုမူဝါဒ(Land Use Policy) မူကြမ်း ကိုရေးဆွဲနိုင်ခဲ့ပြီး ရှေ့ပြေးစီမံကိန်းအဖြစ် တောင်ငူခရိုင်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ပဲခူးခရိုင် နှင့် သာယာဝတီခရိုင်တို့တွင် ဆောင်ရွက်ရန်ရှိပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးသည် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ မြေပေါ်မြေအောက် သယံဇာတများ၊ တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းများပေါကြွယ်ပြီး ဒေသနေပြည်သူများနှင့် နိုင်ငံစီးပွားရေး အတွက်အရေးပါသော တိုင်းဒေသကြီးဖြစ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း အမျိုးမျိုး သော မြေအသုံးချမှုပုံစံများကြောင့် မြေအသုံးချမှုစီမံခန့်ခွဲရေးစီမံကိန်းကို ရေးဆွဲရန်လိုအပ် ကြောင်း၊ ထိုသို့ စီမံဆောင်ရွက်ရာတွင်လည်း မျက်မှောက်ကာလသာမက အနာဂတ်ကာလအတွက် ကိုပါထည့်စဉ်းစားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာမြို့ပြ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း များဆောင်ရွက်ရာတွင် မြေယာမှုခင်း၊ အငြင်းပွားမှုများကို လျှော့ချနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ယခု ကျင်းပသော ညှိနှိုင်းဆွေးနွေးပွဲအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (MOECAF) နှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF) တို့မှ ပူးပေါင်းပါဝင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြေယာအသုံးချမှုနှင့်ပတ်သက်သော စာတမ်းများ တင်သွင်း ဖတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။