မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံ၏ ပထဝီဝင်အခြေအနေနှင့် ရာသီဥတုကွဲပြားမှုပေါ်မူတည်၍ မြန်မာပြည်မြောက်ဖျား ရေခဲဖုံးဟိမဝန္တာတောင်တန်းမှသည် မြန်မာပြည်တောင်ဘက်ပိုင်းပင်လယ်ကမ်းရိုးတန်းဒေသအတွင်း ဂေဟစနစ်ကွဲပြား ခြားနားလျက် ရှိရာရေတိမ်ဒေသသည်လည်းဂေဟစနစ်(၈)မျိုးတွင် တစ်မျိုးအပါ အဝင်ဖြစ် သည်။ ရေတိမ်ဒေသသည် ကမ္ဘာနိုင်ငံအသီးသီးတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးမရှိမဖြစ်လိုအပ်သောသံယံဇာတနှင့် ဂေဟစနစ်များထိန်းသိမ်းထားရှိရာဒေသဖြစ်သည့် အတွက် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ်ဖွဲ့စည်းပြီးဆောင်ရွက်လျက် ရှိသည်။ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ရာသီဥတုနှင့် ရေပျော်ငှက်များ၏ ကျက်စားရာ ရေတိမ်ဒေသကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက်ယခုအချိန်အထိရမ်ဆာအဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၈ နိုင်ငံမှ ရမ်ဆာရေတိမ်ဒေသ ၂၁၇၁ခု၊ ဧရိယာသန်းပေါင်း ၂၀၇.၂၉၁ ဟက်တာကိုသတ်မှတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာပဲခူးတိုင်းဒေသကြီး၊ပျဉ်ပုံကြီးရှိမိုးယွန်းကြီးအင်းဘေးမဲ့တောသည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ မိုးယွန်းကြီးအင်းဘေးမဲ့တောသည် ယခုအချိန်အခါတွင် ဆောင်းခိုငှက်များ၊ ရေပျော်ငှက် များလာရောက် နားခိုရာဒေသဖြစ်သဖြင့် ကမ္ဘာလှည့်ခရီးသည်များအပါအဝင် ပြည်တွင်းငှက်ဝါသနာရှင် များလာရောက်ရာသဘာဝအခြေခံခရီးသွားလာရေးဆောင်ရွက်နိုင်သည့်နေရာ(Ecotourism Site) တစ်ခုဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ ၁၉ မိုင်ခန့်အကွာရန်ကုန်-မန္တလေးကားလမ်းဘေးတွင် တည်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးရေတိမ်ဒေသ (Ramsar Site) တစ်ခုဖြစ်ပါသည်။ ရေတိမ် ဒေသများထိန်းသိမ်းရေးကွန်ဗင်းရှင်းစတင်လက်မှတ်ရေးထိုးသည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကိုကမ္ဘာ့ ရေတိမ်ဒေသများနေ့ (World Wetland Day) ဟုသတ်မှတ်ပြီး၊ ၁၉၉၇ ခုနှစ်မှ စတင်၍ ရေတိမ်ဒေသ များထိန်းသိမ်းရေးနေ့အဖြစ်ကျင်းပခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ဇန်နဝါရီလ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တော၊ သတ္တုဝန်ကြီး ဦးကျော်ဌေး၊ သစ်တောဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် မိုးယွန်းကြီးအင်းရေတိမ်ဒေသပညာပေးပြခန်းအဆင့်မြှင့်တင်ပြုပြင်နေမှု၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေတိမ်ဒေသနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေးပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းအတွင်းသို့ စက်လှေဖြင့် လှည့်လည်၍ အင်းအတွင်းရေဝင်ချောင်းများနုန်းပို့ချ တိမ်ကောလာမှု၊ သဲနုန်းပို့ချမှုကြောင့် ရေပြင်ဧရိယာကျဉ်းမြောင်းလာမှုအင်းရေသိုလှောင် ထိန်းသိမ်းထားမှုနှင့် ရေပျော်ငှက်များကျရောက် ကျက်စားမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ မိုးယွန်းကြီးအင်းရေတိမ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများပူးပေါင်း ပါဝင်ထိန်းသိမ်းရေးပညာပေးစည်းရုံးဆောင်ရွက်နေမှု၊ အင်းအတွင်းဆောင်းခိုငှက်များကျရောက် ကျက်စားမှု၊ ရွှေပြည်အေးခရီးသွားကုမ္ပဏီလီမိတက်နှင့်အကျိုးတူပူးပေါင်း၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လုပ်ငန်းလိုအပ်ချက် များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Think Globally, Act Locally ဟူသောအဆိုနှင့်အညီကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတွေးခေါ်၍ မိမိဒေသနှင့် ဆီလျော်သည့် လုပ်ငန်းစီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ မိုးယွန်းကြီးအင်းရေတိမ်ဒေသသည် မြန်မာနိုင်ငံ၌သာမက၊ ကမ္ဘာ့ရေတိမ်ဒေသများစာရင်းတွင် ပါဝင်သည့် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေRamsar Site Wetlands of International Importance တစ်ခုဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့ရေတိမ်ဒေသများနေ့၏ ဆောင်ပုဒ်မှာ “ရေတိမ်ဒေသ များနှင့် စိုက်ပျိုးရေးကဏ္ဍ - ယှဉ်တွဲဖွံ့ဖြိုးရေး” ဖြစ်သည့်အတွက် ပြည်သူလူထုအတွင်းရေတိမ်ဂေဟစနစ် က ပေးစွမ်းသည့် ရာသီဥတုမျှတစေခြင်းနှင့် စားနပ်ရိက္ခာများရရှိစေသည့် အကြောင်းအရင်းများကို အသိပညာပေးဟောပြောစည်းရုံးဆောင်ရွက်ရန်၊ ဘေးမဲ့တောနယ်နိမိတ်အတွင်းအင်းရေပြင်တွင် စည်းကမ်းမဲ့ စိုက်ပျိုးမြေများတိုးချဲ့မှုကြောင့် မြေဆီလွှာတိုက်စားပြီးအင်းအတွင်းရေဝင်ချောင်း၊ မြောင်းများသဲနုန်းပို့ချမှုများပြား၍ တိမ်ကောလာခြင်း၊ အင်းကြမ်းပြင် မြင့်တက်လာပြီးရေပြင် ဧရိယာကျဉ်းမြောင်းလာခြင်း၊ အင်းရေသိုလှောင်နိုင်မှုလျော့ကျလာခြင်းတို့ကြောင့် ပတ်ဝန်းကျင်ရှိ လယ်ယာများအတွက် စိုက်ပျိုးရေလျော့နည်းရရှိလာစေခြင်း၊ အကျိုးဆက်အားဖြင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုလျော့ကျလာနိုင်စေခြင်းများဖြစ်ပေါ်စေနိုင်သဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ ကိုပြည်သူလူထုသိရှိနားလည်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးကြိုးပမ်းဆောင်ရွက်ရန်၊ မှာကြားခဲ့ ကြောင်းသိရသည်။