၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်(၁၉.၅.၂၀၂၆)ရက်နေ့ (၀၈:၀၀)နာရီအချိန် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး -A ၊ ရဝမ်နှစ်ခြင်းအသင်းတော်၌ "Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်‌ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ" ကျင်းပဆောင်ရွက်ခဲ့ရာ တောအုပ်ကြီး ဦးမျိုးထက်ကျော် မှ ဦးဆောင်ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ ကျား (၂၅)ဦး၊ မ (၂၆)ဦး၊ စုစုပေါင်း အင်အား (၅၁)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မွန်ပြည်ယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းအား ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်ထား ရှိမှု တင်ပြခြင်းအခမ်းအနားကို ၁၅-၅-၂၀၂၆ ရက်နေ့၊ (၁၄:၅၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်သစ်တောဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်သစ်တောဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများ၊ ရက် (၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဌာန၏ ရှေ့ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ ဆက်စပ်ဌာနအလိုက် သက်ဆိုင်ရာတာဝန်ခံများမှ ၎င်းတို့၏ ဌာနလုပ်ငန်းများအကြောင်း Power Point ရှင်းလင်းတင်ပြခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားအား (၁၇:၀၀)နာရီတွင် ပိတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

မွန်ပြည်ယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ (၁၆-၅-၂၀၂၆)ရက်နေ့၊ (၇:၀၀)နာရီတွင် မော်လမြိုင်မြို့၊ မြိုင်သာယာ မြို့မ(၁)ပျိုးဥယျာဉ်အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ ပျိုးဥယျာဉ်တွင် မွန်ပြည်နယ်သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မွန်ပြည်ယ်သစ်တောဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် ဆောင်ရွက်ခဲ့သော နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း များ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တည်ထောင် စိုက်ပျိုးမည့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဌာနပိုင်သစ်တောစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုများအား Video Cilp ဖြင့် ပြသခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မြိုင်သာယာ မြို့မပျိုးဥယျာဉ် (၁)တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ၊ တည်ထောင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် သစ်ပင်စိုက်ပွဲတော်များ၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးထောင်ထားသည့် ပျိုးပင်များ၊ ပြည်သူလူထု၊ ဌာနဆိုင်ရာနှင့် တပ်ရင်း/ တပ်ဖွဲ့များသို့ ဖြန့်ဝေမည့် ပျိုးပင်များအား သတ်မှတ်အချိန်အတွင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် စိုက်ပျိုးပြီးပါက တစ်ပင်စိုက် တစ်ပင်ရှင်အောင် ထိန်းသိမ်းပြုစု သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ်ကျင်းပခြင်းအပြင် သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက်အကူ ပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများကို နှစ်စဉ်စီစဉ်ဖွင့်လှစ်လျက်ရှိပါသည်။AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ ဒုတိယ အကြိမ်မြောက် စီစဉ်ဆောင်ရွက်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်၏ ‘ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်ပစ္စည်းများ လုံခြုံထိန်းသိမ်းရေးဆိုင်ရာသင်တန်း’၏ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ CFDTC (မှော်ဘီ)မှ ကျောင်းအုပ်ကြီးနှင့် ဒုကျောင်းအုပ်၊ RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းဆရာအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှော်ဘီမြို့နယ်မှ ရဲတပ်ကြပ်ကြီး ဦးဝင်းဇော် ဦးဆောင်သော တာဝန်ရှိသူ (၂)ဦးနှင့် သင်တန်း သားများ၊ သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၂၅)ခန့် တက်ရောက်ခဲ့ပြီး AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ကြိုဆိုနှုတ် ခွန်းဆက် စကားအားလည်းကောင်း၊ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ဦးဝင်းဇော်က သင်တန်းအဖွင့်အမှာစကားအားလည်းကောင်း ပြောကြား၍ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူး ခဲ့ပါကြောင်း သတင်းရရှိပါသည်။သင်တန်းကို (၁) လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တာဝန်ဝတ္တရာများနှင့် ဥပဒေ သတ်မှတ်ချက်များကို သိရှိနားလည်စေရန်၊ (ခ) အများပြည်သူကို ကျွမ်းကျင်လိမ္မာစွာ ဆက်ဆံ တတ်စေရန်၊ (ဂ)ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်များ၏ လုံခြုံမှုဆိုင်ရာများကို ကာကွယ် တားဆီးတတ်စေရန်နှင့် ဖျက်ဆီးမှုများမှ ကာကွယ်နိုင်စေရန်၊ (ဃ)ရုတ်တရက်ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေအနေများအလိုက် သင့်တော်စွာ တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း သိရှိရပါသည်။အဆိုပါ သင်တန်းကို RETC သင်တန်းကျောင်း၌ စာတွေ့/လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ကာ သင်တန်းကာလမှာ ၁၈-၅-၂၀၂၆ မှ ၂၀-၅-၂၀၂၆ ထိ (၃)ရက်ကြာ ကျင်းပဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

(၁၈-၅-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၀၆) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက် ညွှန်ကြားရေးမှူး (၂၉) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာသင်းသင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒေါ်နွေးမွန်မွန်အောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနခွဲ) မှ အပြာရောင်ကာဗွန်နှင့် ကမ်းရိုးတန်းပြန်လည်တည်ထောင်ခြင်းအတွက် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။

(၁၇.၅.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ သစ်တောဉီးစီးဌာနမှ မောင်ငံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ မောင်ငံကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၄၈)ဦး မ (၈) ဦးနှင့် မော်လမြိုင်မြို့နယ် သစ်တော ဝန်ထမ်းကျား (၅)ဦး၊ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်း‌ေကာင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်မှ "ရေချွေတာရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊မိုးညှင်းမြို့နယ်် သစ်တောဦးစီးဌာနမှ မိုးညှင်းမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ၁၈/၅/၂၀၂၆ ရက်နေ့ နံနက်ပိုင်း ၁၀:၀၀နာရီ အချိန် ဦးစီးအရာရှိ ဦးမင်းကိုကို ဦးဆောင်၍ ဦးစီးအရာရှိ ဦးမင်းကိုကိုမှ သစ်တောမြေပြင်ပစိုက်ပျိုးထားသည့် သစ်တောသစ်ပင်များ မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် တောအုပ်ကြီး ဦးသန့်ဇင်ဦးမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ရာ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊သစ်စက်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကဆင်ပိုင်ရှင်များ၊ ကျား (၁၅)ယောက်၊ မ ( ၂၉) ယောက်၊ သစ်တောဝန်ထမ်း (၁၂) ယောက် စုစုပေါင်း (၅၆)ယောက် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ( ၁၈.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ရွှေကြာပင်ကျေးရွာအုပ်စု၊ ရွှေကြာပင်ကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူ ကျား( ၃၂ )ဦး၊ မ( ၂၂ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၄ )ဦး၊ စုစုပေါင်း ( ၅၈ )ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးမျိုးသက်ခိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့် မီးခိုးမြူငွေ့ ၏ ဆိုးကျိုးများနှင့် လျှော့ချရေးနည်းလမ်းများ ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages