၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၅-၁-၂၀၂၅) ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းကို ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးအပါအဝင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၂၂)ဦး၊ ပဲခူးခရိုင်အတွင်းရှိ သစ်လုပ်ငန်းရှင်များ(၂၀)ဦး၊ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။

တရားမဝင်သစ် ဖမ်းဆီးရမိမှု ဇယားများ ဖြည့်သွင်းသိမ်းဆည်း ဆောင်ရွက်မည့် "Software to Archive Seizure Data (S.A.S.D)" အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁) အား FD-KFS REDD+ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် (၁၁.၁.၂၀၂၅) ရက်‌နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ အွန်လိုင်းမှတဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်မှ ဦးစီးအရာရှိ (၂) ဦး၊ မြို့နယ်ဦးစီးဌာနမှူး (၁) ဦး၊ တောအုပ်ကြီး (၈) ဦး၊ တောအုပ် (၁) ဦး၊ တောခေါင်း (၄) ဦး၊ တောကြပ် (၃) ဦး၊ အငယ်တန်းစာရေး (၁) ‌ဦး၊ စုစုပေါင်း (၂၀ )ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

(၁၁-၁-၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းကို တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ တာချီလိတ်ခရိုင်မှ ဦးစီးအရာရှိပါ(၂)ဦး၊ တာချီလိတ်မြို့နယ်မှ ဦးစီးအရာရှိပါ (၅)ဦး၊ မိုင်းဖြတ်မြို့နယ်မှ မြို့နယ်ဦးစီးမှူးပါ(၃)ဦး၊ သစ်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ(၁၅)ဦး၊ စုစုပေါင်း(၂၅) ဦး တက်ရောက်ခဲ့ပြီး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်း-၃က သစ်တောဦးစီးဌာနက ဖြေလျော့ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ရှင်းလင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

(၁၃-၁-၂၀၂၅) ရက်နေ့၊ နေ့လည် (၃:၀၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ တိုင်း/ခရိုင်/မြို့နယ်တာဝန်ခံများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ သစ်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ စုစုပေါင်း(၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းဦးက သစ်တောဦးစီးဌာနက ဖြေလျှော့ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မိမိဝန်ထမ်းများ၊လုပ်ငန်းရှင်များ အားလုံး သိရှိနိုင်စေရန် ဤအစီအစဉ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဖြေလျှော့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(၁၃-၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးသိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၄) နေရာနှင့် စာရင်းကိုင် (၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူး (၁) နေရာတို့အတွက် ၂၈-၁-၂၀၂၅ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြော်ငြာအပ်ပါသည်။

မြန်မာနိုင်ငံအထိမ်းအမှတ် Lanmark တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ သတ်မှတ်ထားရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၉)ရက် အထိ ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ခုအပါအဝင် ဇုန်ရှစ်ခု ပါဝင်၍ ရာသီပန်းမျိုးစိတ်(၂၀) မှ (၂၅) မျိုး၊ ဒေသပန်းမျိုးစိတ် (၁၅) မျိုးမှ (၂၀) စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော်စိုက်ပျိုးပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများအား ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များဖြင့် ထပ်မံတိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီ၏ (ဆဋ္ဌမအကြိမ်) အစည်းအဝေးကို (၁၀-၁-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြပါသည်။ ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက

"ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံဖြိုးရေးပန်းတိုင်များရရှိရေးအတွက် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ က ဆောင်ရွက်လျက်ရှိရာ အပြာရောင် စီးပွားရေး (Blue Economy) သဘော တရားများ ဖော်ထုတ် ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း၊
မြန်မာနိုင်ငံ၏ အပြာရောင်စီးပွားရေး ဖော်ထုတ်နိုင်မည့် အလားအလာအနေဖြင့် ကမ်းရိုးတန်းနှင့်အဏ္ဏဝါဂေဟစနစ်များစုံလင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင် မှုအမျိုးမျိုးကို ထောက်ပံ့ပေးနိုင်ခြင်း၊ ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေထွက်ကုန် အမျိုးမျိုး ထုတ်လုပ်ရန်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ရေထွက် သယံဇာတ များ မွေးမြူနိုင်ခြင်း၊ ပုလဲမွေးမြူခြင်းနှင့်ထုတ်ယူခြင်း တို့ကို ဆောင်ရွက်နိုင်ခြင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာ ကောင်းများရှိခြင်း၊ နေ၊ ရေ၊ လေ စွမ်းအင် စသည့် ပြန်လည် ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်း အတွက် အချက်အချာကျပြီး နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများ ဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ သဘာဝ အတိုင်းတည်ရှိနေသည့့် ကမ်းခြေနှင့် ကျွန်းများတည်ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး နိုင်ခြင်း၊ ကမ်းရိုးတန်းနေ တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူ များ၏ စုံလင် သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း စသည့် အခွင့်အလမ်းများစွာကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ အပြာရောင် စီးပွားရေး၏ အခွင့်အလမ်း များစွာရှိသကဲ့သို့ တစ်ဖက်တွင်လည်း စိန်ခေါ်မှုများကို ထိထိ ရောက်ရောက်ဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊
ရေရှည်တည်တံ့သော ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အလိုက် ကမ်းရိုး တန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်၊ အစီအမံများနှင့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုကို ဆက်လက်ပြသ၍ ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ်(ရေ)၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု အစီအစဉ်များ ဆောင်ရွက်နေမှု၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်၊ အစီအမံများနှင့် အပြာရောင်စီးပွားရေး (Blue Economy)နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ဗဟိုကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း တင်ပြအပ်ပါသည်။

Pages