၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟော ပြောပွဲတွင် သစ်တောဝန်ထမ်း ၈ ဦး၊ ပြည်သူ ၃၇ ဦး စုစုပေါင်း ၄၅ ဦးတို့တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးဇော်မင်းထွန်း မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် သစ်တောများကာကွယ်ထိန်းသိမ်း‌ရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်ရေး ကြိုတင်ကာကွယ်ခြင်း၊ သစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းခြင်း နည်းစနစ်များအား ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၁၂.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ချင်းပြည်နယ်၊ ဟားခါးမြို့၊ အထက (၄)၊ ကျောင်းခန်းမတွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်း သူ (၈၉)ဦး၊ ဆရာ/ဆရာမ (၉)ဦး၊ သစ်တောဝန်ထမ်း (၅) ဦး စုစုပေါင်း (၁၀၃) ဦး တက်ရောက်ခဲ့ပြီး တောအုပ် ဦးဇန်ရှင်းခိုင်နှင့် တောအုပ် ဦးမောင်ကြီး တို့မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများနှင့် သစ်တောများကာကွယ်ထိန်းသိမ်း‌ရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်ရေး ကြိုတင်ကာကွယ်ခြင်း၊ သစ်ပင်စိုက်ပျိုး၊ ပြုစုထိန်းသိမ်းခြင်း နည်းစနစ်များအား ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၁၂-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် အ.ထ.က(၃)၊ လွိုင်လင်မြို့၊ ကျောင်းခန်းမတွင်"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကျင်းပပြုလုပ်ရာ လွိုင်လင်ခရိုင်၊ စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးဇော်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ ခရိုင်မီးသတ်ဦးစီးဌာနက တောမီးထိန်းချုပ်ရေးဆိုင်ရာနည်းလမ်းများကို လည်း ကောင်း၊ ဦးတင်မျိုးအောင်(လက်ထောက်ညွှန်ကြားရေးမှူး)၊ ခရိုင်သစ်တောဦးစီးဌာနက သစ်တောပြုစုထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ဦးစည်သူနိုင်(ဦးစီးအရာရှိ)၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုမြူငွေ့လျော့ချရေးအစီအစဉ်များကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသား/ ကျောင်းသူများနှင့် မေးမြန်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ များမှ မေးမြန်းဆွေးနွေးခဲ့သူများကို ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအသုံးအဆောင်ပစ္စည်း များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့နောက်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များ အား ကျောင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ခရိုင်သစ်တောဦစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၇၆)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းးခရိုင်၊ သစ်တောဦးစီးဌာနမှ (၁၂.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်၌ ကော့သောင်းမြို့၊ ရွေဇင်ယော်ရပ်ကွက်အ.လ.က(၃) စာသင်ကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ”အား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထိုက်လွင်ဦးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုး အစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့ပြီး အ.လ.က စာသင်ကျောင်းမှ ဆရာ /ဆရာမ (၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းတက်ရောက်သူ ကျား (၆၀)ဦး၊ မ (၅၄)ဦးဖြင့် စုစုပေါင်း (၁၁၄)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၁၂-၁၁-၂၀၂၅)ရက်နေ့ (၁၀၃၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြ မြို့၊ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်း ၌ * မီးခိုးမြူငွေ့လျော့ချရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ် ရေး အသိပညာပေးဟောပြောပွဲ* ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မိုး က *မီးခိုးမြူငွေ့လျော့ချရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး* ခေါင်းစဉ်ဖြင့်အသိ ပညာပေး ဟောပြောခဲ့ပါကြောင်း နှင့်ဟောပြောပွဲသို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မှ ဆရာ (၁)ဦး၊ ဆရာမ (၉)ဦး၊ ကျောင်းသား‌ (၁၈၀)ဦး၊ ကျောင်းသူ(၂၀၀)ဦး၊ သစ်တောဝန်ထမ်း(၁၀)ဦး စုစုပေါင်း (၄၀၀)ဦး (ကျား ၁၈၉ဦးနှင့် မ ၂၁၁ ဦး) တက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

မွန်ပြည်နယ်၊မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှခရိုင်အဆင့်ပညာပေးဟောပြောပွဲအနေ ဖြင့်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားအခြေခံပညာအထက်တန်း ကျောင်း၊ပေါင်မြို့၌ (၁၂-၁၁-၂၀၂၅)ရက်နေ့နံနက် (၁၀:၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာအ‌ေခြခံပညာအထက်တန်း‌ေကျာင်း‌၊‌ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ချိုလွင်ဦးမှအဖွင့်အမှာစကား ပြောကြားပြီးမော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူးဦးအောင်ဇော်ထူးမှ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ ချရေး"ဆိုင်ရာအ ကြောင်းအရာများအားPowerPoint ဖြင့်ဟောပြောပို့ချခြင်း၊အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ် သက်သည့်ပညာပေးဗွီယိုမှတ်တမ်းပြသခြင်းနှင့်ကျောင်းသား/ကျောင်း သူများ၏ သိရှိလိုသည်များကိုပြန် လည်ဖြေကြားခြင်းများဆောင် ရွက်ခဲ့ပါသည်။ဟောပြောပွဲအခမ်းအနားသို့အခြေခံပညာအထက်တန်း ကျောင်းပေါင်မြို့မှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊‌ကျောင်းသား/ကျောင်းသူများ၊သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများကျား(၈၃)ဦး၊မ(၉၄)ဦးစုစုပေါင်း(၁၇၇)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအပြီးတွင်မိဘဆရာရန်ပုံငွေအဖြစ်လှူဒါန်းခြင်းအားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၃-၁၁-၂၀၂၅)ရက်နေ့မှ (၉-၁၁-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၀.၆၁၆၉)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ ပြည်ခရိုင်မှ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၂-၁၁-၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ အခြေခံပညာအထက်တန်းကျောင်း၊ ပေါက်ခေါင်းမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က၊ ၊ ပေါက်ခေါင်းမြို့မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ (၅)ဦး၊ ကျောင်းသား/ကျောင်းသူများ (၁၈၃)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၂) ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၁၂)ဦး၊ စုစုပေါင်း (၂၀၂)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် အ.ထ.က၊ ပေါက်ခေါင်းမြို့၊ ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်စိုးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ ပြည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်း အရာများကိုလည်း‌ကောင်း တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages