Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၄-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စလင်းမြိုနယ်၊ အနောက်စလင်းကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း တရားမဝင်လုံးပတ်(၃)ပေအောက်သန်း/ဒဟတ်/ ဘုမ္မဲဇာသစ် (၅၈)လုံး (၅.၃၆၀၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ နောင်ခွင်ကျေးရွာအရှေ့ဘက်(၄)ဖာလုံခန့်အကွာမှ တရားမဝင်သစ် သစ်ယား/စကားဝါ/သစ်/ခြမ်း/စိတ် (၂၀)လုံး/ခြမ်း/စိတ် (၅.၆၄၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်:ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဘိုင်းဒါးဘိနယ်၊ ဘိုင်းဒါးကြိုးဝိုင်းအကွက်အမှတ်(၈၆) (၁၂)မိုင်ကျေးရွာတောင်ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင်သစ် ပျဉ်းကတိုးခွဲသား (၇၀)ချောင်း (၄.၅၅၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ် ၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ယင်းခဲကြိုးဝိုင်းအကွက် (၈၁)အတွင်း တရားမဝင်သစ် ကျွန်းသစ် (၃၅)လုံး (၁၅.၂၇၀၀)တန်အား သစ်စက်၊ ဆက်စပ်ပစ္စည်း များနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ မိုးကောင်းတံတားအနီး၊ အမှတ်(၄၀၆)ကိုအောင်ဇော်ဦး(ပိုင်)ခြံဝန်းအတွင်းမှ တရားမဝင်သစ် သစ်ယား (၅၈၉)ချောင်း (၄.၉၇၆၈)တန်အား တရားခံ(၁)ဦးနင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် နှင့် ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာ၏အနောက် မြောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် သပြေ/သစ်ယား/သစ်စေး/မျောက်ငို/စကားဝါ သစ်/ခြမ်း/စိတ် (၁၇)လုံး/ခြမ်း/စိတ် (၄.၉၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပျဉ်းမငူကျေးရွာအုပ်စု၊ အင်းဖာတောင်ကွင်း ဦးကျော်နိုင်ခြံအတွင်းမှ တရားမဝင်သစ် ပျဉ်းကတိုး/ကောင်းမှုခွဲသား(၃၂၃)ချောင်း (၆.၁၀၇၆)တန် အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၂-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ ရေတာရှည်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တာဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ရိုးမ ကြိုးဝိုင်းအကွက်အမှတ် (၁၅)အတွင်းမှ တရားမဝင်သစ် ပျဉ်းကတိုးခွဲသား (၅၁)ချောင်း (၃.၅၃၇၄) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages