Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံ ကျားထိန်းသိမ်းရေးလုပ်ငန်းစီမံချက်(NTAP)(၂၀၁၉-၂၀၂၄)မူကြမ်းအား တင်ပြမည့် အမျိုးသားအဆင့် အကြံပြုသုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၁၈-၆-၂၀၁၉ ရက်နေ့၊ နံနက်(ဝ၉:ဝ၀)နာရီအချိန်၌ Grand Amara Hoterl တွင် ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ အဆင့်မြင့်အရာရှိများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

၁၆-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်း (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စင်နေရာတွင် မော်တော်ယာဉ်အမှတ်(YGN)4G-1355 Nissan Diesel(၁၂)ဘီး၊(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၉) ချောင်း (၆.၀၉၃၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်၊အလယ်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်အမှတ် (MDY 2K/9397) Hyundai Starex ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ(၆၈) ချောင်း (၁၄၁)ပိဿာအား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၆-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီး၊ လှည်းကူးမြို့အထွက် Toll Gate နေရာ၌ မော်တော်ယာဉ်အမှတ် (1M/8741) FUSO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်သတီ/သင်္ဂတူခွဲသား (၁၂၄) ချောင်း (၇.၁၅၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ အခြေခံပညာကျောင်းများနှင့် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊“ဒေသခံပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့၌ တိုက်ကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၄)ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ (၆)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့မှ လာရောက် လေ့လာခဲ့ကြပါသည်၊

၁၄-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင် (၂၈)လုံး/ချောင်း (၆.၃၄၈၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ အင်းတပေါင်းကျေးရွာ၏အရှေ့ဘက်၊ ချင်းတွင်းမြစ်ဘေးမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၂၅) (၉.၀၇၂၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်နှင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဖြူးမြို့နယ် (စရဖ) အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊ (၁၀၄/၅) အနီးတွင် မော်တော်ယာဉ်အမှတ်(4F/7518) Nissan (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၆၀) ချောင်း (၃.၃၀၂၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages