Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးအတွက် တရားဝင်သစ်ထုတ်လုပ်မှုအား (၁၀)နှစ်ရပ်ဆိုင်းထားသည့်အပြင် တရားမဝင် သစ်၊ ထင်း၊ မီးသွေးများ ထုတ်ယူမှုမရှိစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး ၂၂.၂.၂၀၁၉ ရက်နေ့တွင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့မှ ဘုရားကြီး-ဇောင်းတူ-တိုက်ကြီးကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းရာ တရားမဝင်အခြားခွဲသား (၂.၇၇၄၆)တန်၊ မီးသွေး(၃၂၉.၆)တန်၊ ယာဉ်(၇)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် (၂၅- ၉ -၂၀၁၉)ရက်နေ့ ၊ နံနက်(၁၀:ဝ၀)နာရီအချိန်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့ အား One Map Myanmar မှ Dr.Joan Bastide၊ Chief Technical Advisor ဦးဆောင်သော စီမံကိန်းနည်းပညာအဖွဲ့မှ လာရောက်တွေ့ဆုံပြီး OneMap Myanmar online platform prototype အားရှင်းလင်းတင်ပြခြင်းနှင့် OneMap Myanmar အား ဆက်စပ်ပတ်သက်သူများ ထံချပြနိုင်ရေး လုပ်ငန်းစဉ်အပေါ်ဆွေးနွေးခြင်း၊ စီမံကိန်း၏ အခြားလုပ်ငန်းတိုးတက်မှုများအားတင်ပြခြင်း၊ ကိန်းဂဏန်းအချက်အလက်များ မျှဝေသုံးစွဲခြင်းဆိုင်ရာ စိန်ခေါ်မှုများတင်ပြခြင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းများ အပေါ်ဆွေးနွေးတင်ပြခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၅-၂-၂၀၁၉)ရက်နေ့ နံနက်(၉:ဝ၀)နာရီအချိန်တွင် ၁၇ ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် CFNWG ဥက္ကဌ ဦးကျော်ကျော်လွင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….

အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၂၂-၂-၂၀၁၉ ရက်နေ့ (၁၁:၁၅) အချိန်တွင် ပန်းတောင်းမြို.နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းစစ်ကြောင်းအဖွဲ့သည် ပန်းတောင်းမြို.နယ်၊ သူရဲတန်းကြိုးဝိုင်းအတွင်းမှ တရားမဝင် ပျဉ်းကတိုး/ဘင်္ဂ/ဖက်ဝန်းခွဲသား စုစုပေါင်း (၃၇) ချောင်း (၆.၆၀၆၂) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၂၂-၂-၂၀၁၉ ရက်နေ့တွင် သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းစစ်ကြောင်းအဖွဲ့သည် သာယာဝတီ မြို.နယ်၊ သုံးဆယ်ကြိုးဝိုင်းအတွင်း ကင်းလှည့်စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား (၄.၉၅၁၆) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးချက် အရ ၂၀.၂.၂၀၁၉ ရက်နေ့တွင် ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ကျောက်ပုံရွာနှင့်ကလုံရွာကြား၊ ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကျွန်းသစ်လုံး/လုံးပတ်၃ပေအောက်ကျွန်းသစ် (၄၅၂)လုံး(၃၉.၃၂၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးချက် အရ ၂၀.၂.၂၀၁၉ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဆင်ညှပ်ကုန်းကျေးရွာ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ ကြံခင်းအနီးမှ တရားမဝင် အင်ကြင်းသစ်/ပျဉ်းကတိုး သစ်လုံး/ လုံးပတ်၃ပေအောက်သစ် (၄၀)လုံး(၈.၁၅၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေ ရပ်တည်နိုင်ရေးအတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင် ခြင်း စီမံကိန်း”၏ သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်မှုဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၂-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ M-gallery Hotel ၊ နေပြည်တော်တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်တွင် ကြုံတွေ့နေကြရသည့် ဘေးအန္တရာယ်များ မှာ လေ့လာကြည့်မည်ဆိုပါက (၅)မျိုးခန့် ခွဲခြားဖော်ပြနိုင်ပါကြောင်း၊ ဆိုင်ကလုံး၊ တိုင်ဖွန်း၊ ဟာရီ ကိန်းစသည့် အပူပိုင်းဒေသ လေပြင်းမုန်တိုင်းများကျရောက်မှု၊ ရေကြီးရေလျှံမှု၊ တောမီးလောင် ကျွမ်းမှုစသည့် မိုးလေဝသနှင့်ဇလဆိုင်ရာ (Hydro-meteo) ဘေးအန္တရာယ်များ၊ မြေငလျင်လှုပ်မှု၊ ဆူနာမီလှိုင်းများ ရိုက်ခတ်မှု၊ မြေပြိုတိုက်စားမှုစသည့် ရူပ/ ရုပ်ပိုင်းဆိုင်ရာ (Physical) ဘေး အန္တရာယ်များ၊ ကူးစက်ရောဂါပြန့်ပွားမှု၊ အဆိပ်အတောက်ဖြစ်စေသော ရေညှိများ ပြန့်ပွားပေါက် ရောက်မှု၊ ရေထုအတွင်း အာဟာရဓာတ်လွန်ကဲမှု စသည့် ဇီဝဖြစ်စဉ်ဆိုင်ရာ (Biological ) ဘေး အန္တရာယ်များ၊ ပင်လယ်ရေပြင် မြင့်တက်လာမှု၊ အအေးဓာတ်လွန်ကဲမှု၊ အပူဓာတ်လွန်ကဲမှု စသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ (Climate Change) ဘေးအန္တရာယ်များ၊ ရေထုအတွင်း ဆီယိုဖိတ် ညစ်ညမ်းမှု၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများနှင့် သတ္ထုတွင်းထွက် ဒြပ်ထုများ စည်းကမ်း မဲ့စွန့်ပစ်မှု စသည့် နည်းပညာရပ်ဆိုင်ရာ (Technical) ဘေးအန္တရာယ်များဖြစ်ပါကြောင်း၊

Pages