Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၈၆၀၆)တန်၊ သစ်မာ (၄.၇၃၃၂)တန်၊ အခြား (၉၅.၂၃၆၈)တန်၊ စုစုပေါင်း (၁၁၂.၈၃၀၆)တန်၊ ယာဉ်/ ယန္တရား (၂)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၄-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မုတ်ဘိနယ်၊ ကမ်းဒေးချောင်းဘေးမှ တရားမဝင် စကားဝါခွဲသား (၁၇၅)ချောင်း (၁၈.၅၇၈၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်း (Mekong-Lancang Cooperation Special Fund Project) အရ ဆောင်ရွက်လျက်ရှိသည့် “ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်း” ၏ အလုပ်လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၁.၅၁၀၃)တန်၊ သစ်မာ (၂၀.၄၉၁၁)တန်၊ အခြား (၇၃.၃၉၀၈)တန်၊ စုစုပေါင်း (၁၉၅.၃၉၂၂)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၅-၂၀၂၃ ရက်နေ့၊ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ မြို့မဘိနယ်၊ ပေသောင်ကျေးရွာ အတွင်းမှ တရားမဝင် ကျွန်း/ အင်/ နှော သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက်သစ် (၁၅၆၅) လုံး/ ချောင်း (၁၀၇.၀၃၆၄)တန်၊ တရားခံ(၃)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

မဲခေါင်-လန်ချန်းစီမံကိန်းအစီအစဉ်အရ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းဆိုင်ရာ စိုက်ပျိုးရေးပညာရှင် (၁)ဦး ခန့်ထားနိုင်ရေး လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၇.၈၁၀၆)တန်၊ သစ်မာ (၃၇.၁၅၀၀)တန်၊ အခြား (၃၆.၅၁၆၀)တန်၊ စုစုပေါင်း (၁၄၁.၄၇၆၆)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၂၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၂-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကိုင်းတာကြီးကျေးရွာအနောက်ဘက်/ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၂၆/၃)၊ ကားလမ်းအနောက်ဘက် လှည်းလမ်းအတိုင်း (၃)ဖာလုံခန့်အကွာ/ မိုင်တိုင်အမှတ် (၁၂၇/၂)၊ ကားလမ်း အနောက်ဘက် လှည်းလမ်းအတိုင်း (၅)ဖာလုံခန့်အကွာ နေရာတို့မှ တရားမဝင် ကျွန်း ခွဲသား(၁၁၀၇)ချောင်း (၂၁.၁၁၃၄)တန်၊ လွှဝိုင်းနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၂-၂၀၂၃)ရက်နေ့မှ (၁၉-၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၄.၀၈၄၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ပစ္စည်းထိန်း(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ(၂)(လျှပ်စစ်) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

Pages