Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန ခရိုင်သစ်တောအရာရှိများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၆)သင်တန်း ဆင်းပွဲအခမ်းအနားကို ၈-၁၂-၂၀၁၈ ရက်နေ့၊ (၁၅:ဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။

UNESCO မြန်မာရုံးမှ ဆောင်ရွက်နေသည့် Safeguarding Natural Heritage in Myanmar Within the World Heritage Framework- Phase-II စီမံကိန်းပြီးစီး၍ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ခြင်း ဆက်လက်ဆောင်ရွက်မည့် Roadmap အား ဖော်ထုတ် ဆွေးနွေးခြင်းကို နေပြည်တော်၊ Royal Nay Pyi Taw Hotel ၌ ၁၁-၁၂-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့သဘာဝအမွေအနှစ် လမ်းစဉ်မူဝါဒ ညှိနှိုင်းအစည်းအဝေး ခေါင်းစဉ် ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၀၅.၄၅၃၈)တန်၊ သစ်မာ(၈၆.၅၂၇၃) တန်၊ အခြား(၉၃.၈၁၇၄)တန်၊ စုပေါင်း(၂၈၅.၇၉၈၅)တန်၊ တရားခံ(၄၂)ဦး၊ ယာဉ်/ ယန္တရား(၂၅)စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကရင်ပြည်နယ်၊ ကော့ကျိုက် လမ်းဆုံအနီး၊ မြို့မဘိနယ်၊ ခမ မပည 94/H9 N-243372 နေရာ တွင် တရားမဝင် သင်္ဂဒူခွဲသားဆိုဒ်စုံ (၉၂၄)ချောင်း(၁၆.၃၂၅၆)တန်၊ ယာဉ်(၂)စီး အား တရားခံ (၄)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကို ပြန်လည် အစားထိုးပေးလျော်နိုင်ရန် ဇီဝမျိုးစုံ မျိုးကွဲမျှခြေ လုပ်ငန်းစီမံချက်(BOMP)အား ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်သည့်စာလွှာ(Letter of Intent-LoI)လက်မှတ်ရေးထိုးခြင်းကို ၃-၁၂-၂၀၁၈ ရက်နေ့၊ ညနေ(၆)နာရီအချိန်၌ ပိတောက်ခန်းမ၊ Park Royal ဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး ဌာန    ( CFDTC) တွင် ၃-၁၂-၂၀၁၈ ရက်နေ့မှ ၇-၁၂-၂၀၁၈ ရက်နေ့အထိ  သဘာဝထိန်းသိမ်းရေး နယ်မြေစီမံအုပ်ချုပ်ခြင်းထိရောက်မှုဆန်းစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသင်တန်း ကို သင်တန်းနည်းပြများအဖြစ် နော်ဝေနိုင်ငံ၊ ပတ်ဝန်း ကျင်ရေးရာအေဂျင်စီ(NEA) နှင့် IUCN တို့မှ ပညာရှင်(၆)ဦးမှ သင်ကြားပို့ချနေပြီး သင်တန်းသားများမှာ ဥယျာဉ်/ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူး/တောအုပ်ကြီး/ တောအုပ်/ တောခေါင်း စုစုပေါင်း(၂၂)ဦး၊ NGO/INGO မှ သင်တန်းသား(၆)ဦးနှင့် သီရိဘက်စုံစိုက်ပျိုးမွေးမြူရေးကုမ္ပဏီလိမိတက်မှ (၂)ဦး ၊ စုစုပေါင်း သင်တန်းသား(၃၀)ဦး တက်ရောက်လျက် ရှိပါသည်။

 

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၅၄.၆၄၄၆)တန်၊ သစ်မာ(၅၂.၂၉၁၀) တန်၊ အခြား(၅၆.၇၆၅၀)တန်၊ စုစုပေါင်း(၁၆၃.၇၀၀၆)တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ ယန္တရား(၅၂)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပလုံးဘိနယ်၊ ဥက္ကံကြိုးဝိုင်းအကွက်(၈၉) နေရာ တွင် တရားမဝင် အခြားသစ် (၃၉)လုံး (၁၇.၇၃၄၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ ခဲ့ပါကြောင်း။

Pages