Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၆၄.၁၁၉၂)တန်၊ သစ်မာ (၃၄.၅၈၅၄)တန်၊ အခြား(၅၅.၃၂၄၆)တန်၊ စုစုပေါင်း (၁၅၄.၀၂၉၂)တန်၊ တရားခံ(၂၀)ဦး၊ ယာဉ်/ ယန္တရား(၂၅)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်ဘိနယ်၊ အောင်ချမ်းသာ-ကြွေသွားလမ်းနေရာတွင် ကညင်သစ်/ခွဲသား (၁၈၃) လုံး(၂၂.၂၆၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

 

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက် ပြုချက်များကို ဆွေးနွေးမည့် ကျွမ်းကျင်သူစကားဝိုင်း(၂)ကို နေပြည်တော်ရှိ နွယ်သာကီဟိုတယ် တွင် ၁၅-၁၁-၂၀၁၈ ရက်နေ့မှ ၁၆-၁၁-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်၊သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၇၅.၇၀၆၀)တန်၊ သစ်မာ (၄၅.၇၃၉၅)တန်၊ အခြား(၂၈၁.၁၆၄၃)တန်၊စုစုပေါင်း(၄၀၂.၆၀၉၈)တန်၊တရားခံ(၂၇)ဦး၊ယာဉ်/ယန္တရား(၃၀)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊မဟာမြိုင်ဘိနယ်၊ အောင်ချမ်းသာ-ကြွေသွားလမ်းနေရာတွင် ကညင်သစ် (၂၇)လုံး (၃၃.၅၈၄၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပါသည်။

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန် ထုတ်လွှတ်မှု လျော့ချခြင်း (REDD+) နှင့် ဂေဟစနစ်ဝန်ဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၆-၁၁-၂၀၁၈ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

 

လေလံလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို သစ်တောဦးစီးဌာန လားရှိုးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် တန့်ယန်းမြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူးရုုံးတို့တွင်(၁၉-၁၁-၁၈)ရက်နေ့မှစ၍ ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ လားရှိုုးမြို့ ဖုန်းဝ၈၂-၂၂၀၃၀၂၁ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Strengthening Forestland Community Tenure Through Policy, Pilots and Law; A Multi- Stakeholder Approach to Change စီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးကို ၁၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်း ဥပဒေ (မူကြမ်း)အပေါ် ရရှိထားသည့် အကြံပြုချက်များအား သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူ စကားဝိုင်းဆွေးနွေးပွဲကို ၁၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ နွယ်သာကီဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားပါသည်။

Pages