Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၇.၂၅၀၆)တန်၊ သစ်မာ(၆၀.၃၄၁၄)တန်၊ အခြား(၆၇.၅၀၁၂)တန်၊ စုစုပေါင်း(၁၆၅.၀၉၃၂)တန်၊ တရားခံ(၂၆)ဦး၊ ယာဉ်/ ယန္တရား(၁၇)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

           ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်၊ ကလေးဝမြို့နယ်၊ မြို့မဘိနယ်၊ ကလေးဝ- မော်လိုက်ကားလမ်း(၃/၇)မိုင်မှ အနောက်ဘက်(၁)ဖာလုံခန့်အကွာတွင် တရားမဝင် ပျဉ်းကတိုးခွဲသား(၄၂)ချောင်း (၁.၅၅၀၀) တန်၊ အင်ခွဲသား(၁၅၁)ချောင်း (၂၇.၁၆၃၈)တန်၊ ယာဉ်(၄)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၇၁.၃၆၃၅)တန်၊ သစ်မာ(၁၃၀.၉၀၅၁) တန်၊ အခြား(၅၆.၀၂၁၃)တန်၊ စုစုပေါင်း(၂၅၈.၂၈၉၉)တန်၊ တရားခံ(၄၅)ဦး၊ ယာဉ်/ ယန္တရား(၃၉)စီ ဖမ်းဆီးရမိခဲ့ပါကြောင်း၊

     ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့၊ မိုင်းခုတ်ဘိနယ်၊ (၁၄)မိုင်ခန့်အကွာ၊ မိုင်းဆတ်- မိုင်းခုတ်သွားကား လမ်းဘေး မြောက်ဘက်(၂၃)ကီလိုမီတာအကွာမှ တရားမဝင် ပိတောက်စကွဲယား (၁၇၉)တုံး (၃၄.၈၃၈၂)တန် ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)၌ ၂၂-၁၀-၂၀၁၈ ရက်နေ့ (၁၄း၃၀)အချိန်တွင် တရုတ်သိပ္ပံအကယ်ဒမီ ဇီဝမျိုးစုံမျိုးကွဲသုတေသနနှင့် ထိန်းသိမ်းရေးစီမံကိန်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပရာ သစ်တောဦစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် သစ်တောဦးစီးဌာနမှအရာရှိကြီးများတက်ရောက်ကြပါသည်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ပြည်သူအခြေပြု သစ်တောလုပ်ငန်းနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော စီမံအုပ်ချုပ်ခြင်းသင်တန်း (Landmark Training Course on Community Forest Management for Livelihood and Community Forest Based Enterprise Development)ကို ၈-၁၀-၂၀၁၈ ရက်နေ့မှ ၁၃-၁၀-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပါသည်။ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ပြီး RECOFTC မှ သင်တန်းဆရာ(၂)ဦးက သင်တန်းပို့ချခဲ့ပါသည်။

 

Pages