Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ တမလန်းပင်ကို စိုက်ပျိုးပေးပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ပိတောက်ပင်ကိုလည်းကောင်း၊ သစ်တောအတွင်းဝန်က အင်ကြင်းပင်ကိုလည်းကောင်း၊ သတ္ထုအတွင်းဝန်က ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော/ သတ္ထု ညွှန်ကြားရေးမှူးများက ကျွန်းပင်များကိုလည်းကောင်း၊ အရာထမ်း/ အမှုထမ်း များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်းပင်များကို သတ်မှတ်နေရာအသီးသီး တွင်စိုက်ပျိုးကြပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက် ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဦးဇော်မင်းသန့်(ဦးစီးအရာရှိ) ဝန်းကျင်/သားငှက် ဌာနမှ ထိုင်းနိုင်ငံ( ထိုင်းနိုင်ငံရှိ သဘာဝနယ်မြေများသို့ မြန်မာနိုင်ငံ သဘာဝနယ်မြေထိန်းသိမ်းရေး ဝန်ထမ်းများလေ့လာရေး ခရီးသွားရောက်ရန်ကိစ္စ) တက်ရောက်ခဲ့သည့်အတွေ့အကြုံများနှင့် ဦးအေးချမ်းမောင် (ဦးစီး အရာရှိ)သစ်တောသုတေသနဌာနက စင်္ကာပူနိုင်ငံ(မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု အကြောင်း ရာများအား စမ်းသပ်လေ့လာခြင်း သုတေသနစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲ)တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် သစ်တောအရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။
WWF Myanmar မှ Country Director A.Christy Williams Ph.D နှင့် ဖွဲ့မှလာရောက်တွေ့ဆုံ၍ ရန်ကုန်မြို့တွင် မြန်မာ့ဆင်ပြတိုက် ဖွင့်လှစ်ပြသနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၀-၇-၂၀၁၈)ရက်နေ့၊ (၁၄:၃၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။