Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဌာန (KMFCC)တို့အကြား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၁၇.၈.၂၀၁၈ ရက်နေ့ ၁၁:၀၀နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်“မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး လုပ်ငန်း စီမံကိန်းနှင့် REDD+ လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ သရုပ်ပြခြင်း လုပ်ငန်းစီမံကိန်း” ကို နားလည်မှု စာချွှန်လွှာရေးထိုး  နိုင်ခဲ့ပါသည်။

 KMFCC သည် ကိုးရီးယာသမ္မတနိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများအကြား သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်ရန်နှင့် အဖွဲ့ဝင်များ နိုင်ငံ များ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၆ခုနှစ် ဇူလိုင်လတွင် စတင် တည် ထောင်ထားရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ရုံးစိုက်ထားရှိသည့် သစ်တောပူးပေါင်း ဆောင်ရွက်ရေးဌာနဖြစ်ပါသည်။

KMFCC သည် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တည်ထောင်ရန်နှင့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ(ကမ္ဘေားဒီးယာ၊ လာအို၊ မြန်မာ၊ဗီယက်နမ်-CLMV)အကြား သစ်တော လုပ်ငန်းအစီအစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်မှန်းချက် ထားရှိပါသည်။ KMFCC သည် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှုကို အထောက် အပံ့ပေးခြင်း ဖြစ်ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၁၆- ၈ -၂၀၁၈ ရက်နေ့ ၊ နေ့လည် ဝ၁:ဝ၀ နာရီအချိန်၌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား WWF –Myanmar မှ Ms. Hanna Jelsingen,Green Ecomomy Programme Manager နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ရေရှည်တည်တံ့သော အခြေခံအဆောက်အဦ(လမ်း)နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်..  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် (၁၅- ၈ -၂၀၁၈)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်၌ မြန်မာ့လက်မှု အနုပညာအသင်း(MACA)မှ ဝန်ကြီးဌာန၊ အသိအမှတ်ပြု Vocher များကို အသင်းအား တရားဝင်သုံးစွဲခွင့်ပြုပေးရန် တင်ပြသည့် အစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အမှာစကားပြောကြားပြီး  တာဝနှ်ရှိသူများမှတက်ရောက် ဆွေးနွေးခဲ့ပါသည်..

ကမ္ဘာ့ဆင်များနေ့ စာတမ်းပါ ဗွီနိုင်းများထောင်ခြင်း ၊ဆင်အကြောင်း သိကောင်းစရာ လက်ကမ်း စာစောင်များ ဝေငှခြင်း ၊ ကလေးသူငယ်များ ပျော်ရွှင်စွာ ရောင်စုံပန်းချီရေးဆွဲခြင်း ၊ရုပ်ပုံဆက်ဂိမ်း ကစားခြင်း ၊လက်ဆောင်ပစ္စည်းများပေးခြင်း ၊လာရောက်လည်ပတ် သည့် ဧည့်သည်များအား ဆင်စာများ အခမဲ့ကျွေးစေ ခြင်းများဆောင်ရွက်ခဲ့ပါသည်။

(၁)       ဆင်ရုံရှေ့ကပွဲကွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် Petunity ၊ BANCA ၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ ပါဝင် ကူညီဆောင်ရွက်ခဲ့ပါသည် ။

         (၂)      ကမ္ဘာ့ဆင်များနေ့ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြော ကြားခြင်း ၊ ပညာပေးဌာနမှ လာရောက်လည်ပတ်သူများ၊ ဆင် ချစ်သူများကို ဆင် နှင့်ပတ်သက်သည့် ပိုစတာများဖြင့် ပညာပေးခြင်း ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ ဆင် နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ် မေးခွန်းများ ဖြေဆိုစေခြင်း ၊

        (၃)         ကလေးများအားဆင်ရုပ်ပုံရေးဆွဲ၍ ဆေးရောင်ခြယ်စေခြင်း ၊ဆင်နှင့်ပတ်သက်သည့်

                        ကစားနည်းများ ကစားစေခြင်းတို့   ပြုလုပ်၍  ဆင်ရုပ် ခေါင်းပတ် များ နှင့်  အမှတ်

                        တရ လက်ဆောင်များပြန်လည်ပေးအပ်ခြင်း ၊

         (၄)        Yangon Zoological Garden  ၏ Facebook Page  တွင် ဆင်နှင့် ပတ်သက် သည့် မေးခွန်းများအားဖြေဆိုနိုင်သူများကိုအမှတ်တရ T- Shirt၊  ရေနွေးဗူး ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက်ကမ်းစာစောင် နှင့် ဇီဝ မျိုးစုံ မျိုးကွဲ နှင့် သဘာဝ ထိန်းသိမ်းရေးစာအုပ် လက်ဆောင်ပေးခြင်း ၊

         (၅)          Petunity  နှင့် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ မှ ဆင်ခြေရာ နှင့် ဆင်ရုပ်ပုံအား မျက်နှာ တွင် ဆေးရောင်ခြယ် ပေးခြင်း ၊  Photo Booth၊  ၊  Emoji  နှင့် ဓါတ်ပုံ ရိုက်ပေးခြင်း၊

ဆင်ရုံရှေ့ပြကွက်တွင်ကျင်းပခဲ့ပြီး ကမ္ဘာ့ဆင်များနေ့ နှင့် ပတ်သက်သည့် သိကောင်း စရာများ ရှင်းလင်းပြောကြားခြင်း၊ ဆင်နှင့် သက်ဆိုင်သည့် မေးခွန်းများမေးခြင်း ၊ ကံစမ်းမဲဖောက်ပေးခြင်း ၊  

သစ်တောကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သစ်တော ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် (၁၃-၈-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ ကျင်းပ ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။          အမှာစကားပြောကြားရာတွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးယူ ထုတ်လုပ်ခြင်းသည် နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတများကို အချိန်တို အတွင်း ကုန်ဆုံးပျောက်ကွယ် စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ ထိခိုက်စေခြင်း များဖြစ်ပေါ်သည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ဌာန အစီအစဉ်ဖြင့်လည်းကောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ဆက်စပ်ဌာန များနှင့် တာဝန်သိပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း ကာကွယ်တား ဆီး နှိမ်နင်းလျက်ရှိပါ ကြောင်း၊                    FA0 က ၅ နှစ် တစ်ကြိမ်ထုတ်ပြန်သည့် Forest Resource Assessment-2015 အရ မြန်မာနိင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာရဲ့ ၄၂.၉၂% ရှိပြီး ဧကအားဖြင့် ၇၂ သန်းခန့်ရှိပါကြောင်း၊ သစ်တောဦ:စီးဌာနမှ စီမံအုပ်ချုပ်ရသော ကြိုးဝိုင်း၊ ကြိုးပြင်ကာ ကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေမှာ ၄၇ သန်းဧကရှိပြီး သစ်တော ဦ:စီးဌာနတွင် သစ်တောလုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းသည် ၅၃၃၆ ဦးရှိသည့်အတွက် ဝန်ထမ်းတစ်ဦးသည် ပျမ်းမျှ သစ်တောနယ်မြေ ဧက ၈၈၀၀ ကျော်ကို တာဝန်ယူ ထိန်းသိမ်းရပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေအရ သစ်တောဧရိယာနှင့် ထိန်းသိမ်း နေရသည့် ဝန်ထမ်းအချိုး မျှတရန်လိုအပ်ချက်ရှိနေပါကြောင်း၊ လုံခြုံရေးအကန့်အသတ် များကြောင့် အချို့သစ်တောဧရိယာများကို မစိုးမိုးနိုင်ခြင်း၊ တရားမဝင် ဆောင်ရွက်သူများ က ၄င်းတို့အကျိုး ထိခိုက်လာမှုကြောင့် တာဝန်ရှိဝန်ထမ်းများကို ပြန်လည်ရန်ပြုတိုက် ခိုက်ခြင်း၊ လုပ်ငန်းသဘာဝအနေအထားအရ လူသူဝေးရာနေရာများကို စီမံအုပ်ချုပ်ရသူ များ ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တမဏ္ဍိုင် ယိုင်လဲ မသွား အောင် ထိန်းချုပ်ရန်ခက်ခဲခြင်း စသည့် အကန့်အသတ် အတားအဆီးများ ရှိနေပါကြောင်း၊  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် (၁၀- ၈ -၂၀၁၈)ရက်နေ့ (ဝ၉:၃၀)နာရီအချိန်၌ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်မည့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း (ECBT) ညှိနှိုင်းအစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ အမှာစကားပြောကြားကြပြီး တာဝနှ်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ပါသည်..

Pages