Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောများပြုန်းတီးခြင်း၊ သစ်တောအရည်အသွေးများ ကျဆင်းခြင်းများအတွက် သစ် တောများပြန်လည်ဖွံ့ဖြိုးလာရန် ဆောင်ရွက်ရမည့် နည်းလမ်း(၂)သွယ်အနက် သစ်တောများ ပြုန်း တီးလာသည့်နေရာများတွင် သစ်တောစိုက်ခင်းများတည်ထောင်ရန် ရည်မှန်းချက်များချမှတ်၍ စီမံကိန်းကာလအတွင်း သစ်တောစိုက်ခင်းဧက သုံးသိန်းငါးသောင်းကျော် စိုက်ပျိုးမည်ဖြစ်ပြီး ၎င်း လျာထားချက်အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ သစ်တောစိုက်ခင်းများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒေသပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းများ တည်ထောင်ခြင်းကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပျက်စီးပြုန်းတီးနေသော သစ်တောများတွင် သစ်တောစိုက်ခင်းများဖြစ်ထွန်း လာရန်အတွက် သစ်မျိုးသန့်ပြန့်ပွားရေး လုပ်ငန်းစဉ်သည် အလွန်အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၁၂-၁၀-၂၀၁၇)ရက်နေ့ (ဝ၉:၃၀)နာရီအချိန်တွင် High-Level Meeting on ACB Small Grant Program Implementation in Myanmar အာဆီယံအမွေအနှစ်ဥယျာဉ်များအတွက် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ်ကောင်အထည်ဖော်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာရှိကြီးများ ၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ များဗဟိုဌာနနှင့် International Chief Technical Advisor (ICTA) မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်…

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၃-၁၀-၂၀၁၇ ရက်နေ့၊ (၁၅း၃၀)နာရီအချိန် တွင် သစ်တောသုတေသန၊ ရေဆင်း(စုဝေးခန်းမ)တွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်မင်း(စီမံခန့်ခွဲရေး)က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ မြန်မာ့သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး သင်တန်းသားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်း အား ၉-၁၀-၂၀၁၇ ရက်နေ့မှ ၁၃-၁၀-၂၀၁၇ ရက်နေ့ထိ (၅)ရက်တာ ကျင်းပခဲ့ပါသည်။

STATEMENT OF FOREST GOVERNANCE REFORM PROGRESSES IN MYANMAR

 
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလထုတ် သစ်တောကြေးမုံတွင် ဖော်ပြပါရှိသော စာရေးသူ ၁၉၅၆ခု၊ ဒီဇင်ဘာလတွင်ထုတ်ဝေခဲ့သော မြန်မာပြည်သစ်တောကြေးမုံမှ သစ်တောဝန်ထောက် ဦးဘသွင် ရေးသားခဲ့သည့် “အံ့ဖွယ်ရာ သစ်ပင်များ” ဆောင်းပါးအား သေးငယ်သော သစ်စေ့မှ ပေါက်ဖွားလာပြီးကျောက်တုံးကျောက်ခဲ့ များကိုခွဲစိတ်ဖောက်ထွင်း၍ အသက်ရှင်ရေးအတွက် စွမ်းအားများစွာဖြင့် သစ်ပင်များ၏ အံ့ဖွယ်ရာစွမ်းအားများအား သိရှိလေ့လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လေ့လာသိရှိ်စေရန်ရည်ရွယ်၍ဂုဏ်ပြုဖော်ပြလိုက်ပါသည်။
 
 
 
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို(၃၀-၉-၂၀၁၇)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ထောင်မည့် စိုက်ခင်းလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများအား သုံးသပ်ဆွေးနွေးညှိနှိုင်းနိုင်ရန်၊ စီမံကိန်းလုပ်ငန်းများအား အကောင်းဆုံး အခြေအနေတစ်ခုဖြင့်  အောင်မြင်စွာ အကောင်အထည် ဖော် နိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်များအလိုက် ခရိုင်၊ မြို့နယ် တာဝန်ခံများက ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ စီမံအုပ်ချုပ်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများတွင် ဆောင်ရွက်ထားရှိမှု၊ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်မည့်အစီအမံ၊ တွေကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက် များ၊ လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ဦးစီးရုံးချုပ်မှ ပံ့ပိုးပေးရမည့်အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ အကဲဖြတ်သုံးသပ်ခြင်း၊ လိုအပ်သည်များမှာကြားခြင်း၊ အကြံပြုခြင်းနှင့် ပံ့ပိုးစီစဉ်ပေးခြင်းများ ဆောင်ရွက်ကြပါ သည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးရုံးချုပ်မှ အရာရှိကြီးများ၊ တိုင်း ဒေသကြီးပြည်နယ်များမှ ခရိုင်၊ မြို့နယ်တာဝန်ခံများ၊ တက်ရောက်ခဲ့ကြ၍ အစည်းအဝေးကို            (၃-၁၀-၂၀၁၇)ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၅-၉-၂၀၁၇)ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် (၁၂)ကြိမ်မြောက်    CFNWG  အစည်းအဝေးကျင်းပပြုလုပ်ရာ  သစ်တောဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ် CFNWG ဥက္ကဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊RECOFTC ၊ MERN၊ FAO မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….

Pages