Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၂၂-၉-၂၀၁၇)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Concorde Industries Limited မှ Managing Director Mr. Sameer Kaushal နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ စိုက်ခင်းလုပ်ကိုင်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်….

(၂၂-၉-၂၀၁၇)ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းများအတွက် စီမံကိန်းဘုတ်အဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ၊ UNDP,WCS မှတာဝန်ရှိသူများနှင့် စီမံကိန်းဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိစီမံကိန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြပါသည်…

(၂၁-၉-၂၀၁၇)ရက်နေ့ (၁၄:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Myanmar FLEGT အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများက FLEGT လုပ်ငန်းစဉ်များဆောက်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလာရောက်ရှင်းလင်းတင်ပြခဲဲ့့ပါသည်….

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၀-၉-၂၀၁၇)ရက်နေ့ (ဝ၉:ဝ၀) နာရီအချိန်တွင် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများ၏  စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ဗဟိုကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမှာစကားပြောကြားပြီး ဗဟိုကော်မတီဝင်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များမှ ပတ်ဝန်းကျင်ဆိုင်ရာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။
 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်း သစ်မျိုးသန့်ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနားကို (၁၁-၉-၂၀၁၇) ရက်နေ့ ၊ နံနက် (ဝ၉:ဝဝ)နာရီတွင် သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။မြန်မာနိုင်ငံတွင် သစ်မျိုးကောင်းမျိုးသန့်ပင်များအား ထိန်းသိမ်းခြင်း၊ မျိုးသန့်ပင်များ၏ အစိတ်အပိုင်းများအား ပြန့်ပွားနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အပြင် မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက်များ ဆောင်ရွက်မှုအားနည်းနေသဖြင့် တန်ဘိုးရှိသည့် မျိုးရိုးဗီဇများအား ထိန်းသိမ်းနိုင်ရန် လိုအပ်လျက်ရှိပါသည်။သို့ပါ၍ နိုင်ငံအတွင်းရှိ သဘာဝတောများ အတွင်းရှိ အသွင်အပြင်ကောင်းမွန်သည့် မျိုးပင်များမှမျိုးစေ့များ၊ အပင်၏ အစိတ်အပိုင်းများအား ရွေးချယ်၍ မျိုးပွားစိုက်ပျိုးနိုင်ရန် လက်တွေ့ကွင်းဆင်းဆောင်ရွက်ရမည့် ဝန်ထမ်းများအား အဓိကထား လေ့ကျင့် သင်တန်းပေးဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် ကျွမ်းကျင်သည့် သင်တန်းဆရာများ၊ သစ်မျိုးသန့်မျိုးကောင်းများ မျိုးပွားခြင်း လက်တွေ့လုပ်ငန်းဆောင်ရွက်နေသည့် သုတေသီများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းနှင့် လက်တွေ့လုပ်ငန်းရလာဒ်များ ရရှိလာစေရေးအတွက် မိုးစွေဒေသတွင် သင်တန်းသားများအား မျိုးကောင်း မျိုးသန့်သစ်စေ့များ၊ အပင်၏အစိတ်အပိုင်းများ စုဆောင်းနိုင်မည့် မျိုးသန့်ပင်များအား လက်တွေ့ရွေးချယ် စေခြင်း၊ သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာနေရာများတွင် သဘာဝတော၊ စိုက်ခင်းများမှ မျိုးရိုးဗီဇ ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ပင်များအား ရွေးချယ်စေ၍ နမူနာအစိတ်အပိုင်းများအား စုဆောင်း၍ သစ်တောသုတေသနဌာနသို့ ပေးပို့စေပြီးဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်စေခြင်းဖြင့် မြန်မာ့ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သစ်မျိုးသန့်ပြန့်ပွားခြင်းလုပ်ငန်းများအား လက်တွေ့နယ်ပယ်တွင် ဖြစ်ထွန်းအောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ စ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး သစ်တောအရာရှိကြီးများ၊ သုတေသီများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး(၁၅)ခုမှ တောအုပ်ကြီးအဆင့် သင်တန်းသား(၁၅)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ သစ်အုပ်ကြီးအဆင့်သင်တန်းသား(၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနမှ(၅)ဦး၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်း ကိုယ်စားလှယ်သင်တန်းသား(၅)ဦး စုစုပေါင်း သင်တန်းသား(၃၀)ဦး တက်ရောက်ပြီး သင်တန်းအား(၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။

ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၊ သဘာဝအမွေအနှစ် နယ်မြေ များကာကွယ်ရေးအဆင့် (၂)ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေပြီး ခါကာ ဘိုရာဇီဒေသအား UNESCO ၏ သဘာဝအမွေအနှစ်၊ စာရင်းဝင်နယ်မြေအဖြစ် အချိန်မီစာရင်း တင်သွင်းနိုင်ရန် ဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် UNESCO အကြားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စေသည့် မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ခါကာဘိုရာဇီဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် တင်သွင်းမည့် အလားအလာရှိသော နယ်မြေများစာရင်းတွင် ပထမဦးစားပေးနယ်မြေဖြစ်ပါသည်။
ခါကာဘိုရာဇီဒေသကို ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ၎င်း၏တောင်ပိုင်း တိုးချဲ့နယ် မြေအပါအဝင် ဖုန်ကန်ရာဇီဘေးမဲ့တောတို့ဖြင့် ဖွဲ့စည်းထားပြီး မြောက်ပိုင်းဒေသ တောင်ပေါ် တောဇုန်ဟုခေါ်ဆိုရာမှ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသရှိ ဒေသနေပြည်သူများ ခေါ်ဆို သောအမည်ကို အစွဲပြု၍ ခါကာဘိုရာဇီဒေသဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး UNESCO Website တရားဝင်ပြောင်းလဲထားရှိခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် အချိန်မီအဆိုပြုတင်သွင်းနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အမျိုးသားအဆင့် ဦးဆောင်ကော်မတီနှင့် ကချင်ပြည်နယ်ဝန်ကြီး ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်း ပြီးဖြစ်ပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၏ တောင်ပိုင်းတိုးချဲ့နယ်မြေကိုလည်းလွန်ခဲ့သော ဇူလိုင်လက သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန်ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန် ကြေညာပြီးဖြစ်ပါသည်။

(၆-၉-၂၀၁၇)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊  ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား South Africa Wildlife Colleague(SAWC)မှ ပညာရှင်များဖြစ်သော Mr.Ruben De Kock နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး လေ့ကျင့်ရေးကျောင်းတည်ဆောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်…..

(၅-၉-၂၀၁၇)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ သစ်တောတက္ကသိုလ်(တတိယနှစ်) ကျောင်းသူ/ကျောင်းသားများအား RS/GIS အသုံးပြုခြင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း လုပ်ငန်းများအား စာတွေ့သင်ကြားခြင်းနှင့် စီမံကိန်းနှင့် စာရင်းအင်းဌာနတွင် လက်တွေ့လေ့ကျင့်သင်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါသည်…..

Pages