၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၄-၅-၂၀၁၇ ရက်နေ့ (၀၉း၃၀) အချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်အား Regional Observatory for South East Asia (RFO-SEA) Project Manager Ferrand မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး /ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂-၅-၂၀၁၇) ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် UN-REDD Progrmme တို့ပူးပေါင်းအစီအစဉ်အရ (၂၈.၄.၂၀၁၇) ရက်နေ့ နံနက်(၀၉ : ဝ၀) နာရီအချိန်တွင် နေပြည်တော် (အမရာဟိုတယ်) ၌ (၅) ကြိမ်မြောက် "REDD+ Divers & Strategies Technical Working Group မဟာဗျူဟာရေးဆွဲရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးအား" ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအခြေချနေထိုင်မှု အစီအစဉ်၊ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပ သည့် "မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ အပြီးသတ်မူကြမ်း ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဌများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင်များ၊ နည်းပညာလုပ်ငန်းအဖွဲ့ဝင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့်တာဝန်ရှိသူများစုစုပေါင်း(၁၁၀)ဦးခန့် တက်ရောက်ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၇-၄-၂၀၁၆) ရက်နေ့၊ (၀၉ : ဝ၀) နာရီအချိန် တွင် "REDD+ Task Force Meeting" ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၇-၄-၂၀၁၆) ရက်နေ့၊ (၁၃ : ဝ၀)နာရီအချိန်တွင် "တရားမဝင်သစ် ခုတ်လှဲ၊ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ခြင်းအား တားဆီးကာကွယ်ရန် လူထုအခြေပြုစောင့်ကြည့်ခြင်းနှင့် သတင်းပေးပိုခြင်းစနစ် (Community Monitoring and Reporting System)" အကောင်အထည်ဖော်မည့်စီမံချက်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ရုံး၊ အင်ကြင်းခန်းမ၌ ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခါကာဘိုရာဇီ ဒေသအား ကမ္ဘာ့သဘာဝ အမွေအနှစ် အမည်စာရင်း တင်သွင်းရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ (Steering Committee) (၁/၂၀၁၇) ပထမအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ရာ ကမ္ဘာ့သဘာဝအမွေအနှစ် အမည်စာရင်း တင်သွင်းရေး ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် UN- REDD+အစီအစဉ် တို့ပူးပေါင်း၍ ၂၉-၃-၂၀၁၇ ရက်နေ့ ၊ နံနက်(၉:၀၀)နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် REDD+ Safeguard Roadmap အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Pages