၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ဂေဟစနစ်အခြေခံသည့် သစ်တောများ ရေရှည်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေး ဆွဲခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၁-၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ CFDTC၊မှော်ဘီမြို့တွင်ကျင်းပရာသစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် FAO တို့ ပူးပေါင်းပြီး “ Sustainable Cropland and Forest Management in Priority Agro – ecosyatems of Myanmar ”စီမံကိန်းကို ၂၀၁၆ ခုနှစ်မှစ၍ (၅)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤစီမံကိန်းတွင် သစ်တောနှင့် စိုက်ခင်းရေးရာ မူဝါဒ၊ ဥပဒေ၊ အဖွဲ့အစည်းများ အားကောင်းစေရေးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ FAO နှင့်ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် သရုပ်ပြ သစ်တောများ တည်ထောင်ခြင်းကို သစ်တောဦးစီးဌာနမှ FAO နှင့် ပူးပေါင်း ဆောင်ရွက်နေပါသည်။ ယနေ့ကျင်းပသည့် သင်တန်းသည် သစ်တောဦးစီးဌာနနှင့် FAO တို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဂေဟစနစ်အခြေခံ သည့် ရေရှည်တည်တံ့သော သစ်တောအုပ်ချပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လက်စွဲနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လက်စွဲများပြုစုပြီး ၊ ၄င်းလက်စွဲများနှင့်အညီ ကနဦးအနေဖြင့် ရှေ့ပြေးစီမံကိန်း (၃)ခု၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ပါသည်။

၂၀.၂.၂၀၁၉ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းကျေးရွာအနီးဝန်းကျင်မှ တရားမဝင်အင်/ကညင်ခွဲသား (၁၈၁)ချောင်း (၁၇.၂၆၄၄)တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၁၉.၂.၂၀၁၉ ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ဆည်တော်ကြီးရေဆိပ်၊ အောက်မတ္တရာတိုးချဲ့ ကြိုးဝိုင်းအတွင်းမှ တရားမဝင်ပျဉ်းကတိုး/ကညင်/အင် သစ်လုံး/ခွဲခြမ်း (၅၄)လုံး/ခြမ်း (၁၇.၈၉၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ ချက်အရ ၂၀.၂.၂၀၁၉ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၁)၊ ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်၊ မိုင်တိုင်(၁၇၀/၁) အနီးဝန်းကျင်နေရာများမှ တရားမဝင်ကျွန်းခွဲသား (၁၆၈)ချောင်း (၂၂.၀၇၃၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိ ခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၁၉.၂.၂၀၁၉ ရက်နေ့တွင် ဂန့်ဂေါခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကြိုင်ကြိုးဝိုင်းအတွင်းမှ တရားမဝင်ပိတောက်ခွဲသား (၈၈)ချောင်း (၆.၅၅၇၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၀.၂.၂၀၁၉ ရက်နေ့(၁၆:၀၀ )နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပလန (၂)ကျေးရွာမြောက်ဘက်(၃)မိုင်ခန့်အကွာ၊ တောစပ်အနီး၌ စုပုံထားသော တရားမဝင်ကညင်/ကြေးလံ/ ကံ့ကော်ဖိုသစ်လုံး (၃၂)လုံး (၂၇.၃၄၈) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၂-၁၉ရက်နေ့တွင် အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ပျဉ်းမနားမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ နန်ချိုကြိုးပြင်တောအတွင်းမှ တရားမဝင် ကညင်ခွဲသား စုစုပေါင်း (၃၆)လုံး(၁၁.၆၇၄၂) တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၂-၁၉ရက်နေ့၁၃:၀၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်းများ၊ မြန်မာနိုင်ငံသစ်တောရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ် တဘူးလှဆည် တမံ(၂) နေရာမှ တရားမဝင် ပျဉ်းကတိုး/အခြားသစ် (၂၀)လုံး(၅.၁၂၈ ) တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages