Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၇-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၆၉)တပ်ထိန်းတပ် နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-သိန်းနီကားလမ်း၊ နမ့်တွန်းအုပ်စု၊ မန်နော်ကျေးရွာအနီးတွင် ယာဉ်အမှတ်(YGN -2F/8263)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဖြူစိမ်းရောင်(၁၂)ဘီးယာဉ်ပေါ် မှ တရားမဝင် ဓားရွေ(၄၇၂)တုံး၊ (၉.၂၇၆၄)တန်နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။

၂၈-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ ကွတ်ခိုင်၊ စ.ရ.ဖ နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ Oriental တိုးလ်ဂိတ်အနီးတွင် ယာဉ်အမှတ်(SHN-7C/7415) ပါဂျဲရိုးအမျိုးအစား အနက်ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၉)တုံး၊ (၀.၅၅၄၂)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

မွန်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၄-၂-၂၀၁၇ ရက်မှ ၂၆-၂- ၂၀၁၇ ရက်အတွင်း ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ မုဒုံမြို့နယ်များ တွင် တရားမဝင်သစ်(၁၈၃)တန်ခန့်နှင့် မော်တော်ယာဉ်(၇)စီး၊ တရားခံ(၁၀)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

၂၈-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် အသိသက် သေများပါဝင်သောအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးတွင် ယာဉ်အမှတ်(8K/9265) တပ်ဆင်ထားသော Light Truck အမျိုးအစား အဖြူရောင်ယာဉ် ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၇၀)ချောင်း၊ (၀.၅၀၆၄)တန်နှင့် (၄၅)ပေါင်ဝင် မီးသွေး(၁၈)အိတ်၊ (၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိပါသည်။

၂၇-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ် သံစို့ပင်သစ်တောစခန်းအနီးတွင် ယာဉ်အမှတ် BGO-L/8972 နှင့် ၈က/၇၄၇၃ တပ်ဆင်ထားသော NISSAN အမျိုးအစား၊ (၆)ဘီး ယာဉ်(၂)စီးမှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၀၇)ချောင်း၊ (၂.၅၀၃၆)တန်၊ လင်ထင်း (၁၁.၁၆၇၂)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) တို့ ပူးပေါင်းမှု အစီအစဉ်အရ မြန်မာနိုင်ငံသို့ ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးဆိုင်ရာ အကူအညီအနေဖြင့် ထောက်ပံ့သည့် စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံး ဆိုလာပစ္စည်းများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို (၁-၃-၂၀၁၇) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

၂၅-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင် လ.၀.က မှ ဝန်ထမ်းများနှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကန့်ဘလူ မြို့နယ်၊ စန္ဒယားကျေးရွာအုပ်စု၊ ကင်းတပ်ရေးလွှဲဆည်သွားလမ်းခွဲမြောက်ဘက်တွင် သုံးဘီးဆိုင်ကယ်(ယာဉ်အမှတ်မပါ)၊ အနီရောင်(၁)စီးနှင့် ယာဉ်အမှတ် MDY-5J/1211 တပ်ဆင်ထားသော ဒေါင်ဖန်းအမျိုးအစား အနီရောင်ယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၂) စီးပေါ်မှ တရားမဝင် အခြားခွဲသား(၁၂၀)ချောင်း၊ (၁.၄၉၆၄)တန်နှင့်အတူ တရားခံ(၂) ဦး ဖမ်းဆီးရမိပါသည်။

မွန်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂၄-၂-၂၀၁၇ ရက်မှ ၂၆-၂- ၂၀၁၇ ရက်အတွင်း ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ မုဒုံမြို့နယ်များ တွင် တရားမဝင်သစ်(၁၈၃)တန်ခန့်နှင့် မော်တော်ယာဉ်(၇)စီး၊ တရားခံ(၁၀)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

Pages