Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောအဖွဲ့သည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ပင်လယ်ဘူးမြို့နယ်၊ ညောင်ကုန်းရွာတမိုင်၊ ခန့်မှန်းမြေပုံညွှန်း (GB-324567) တွင် လေးလုံး ထိုး၊ ထော်လာဂျီယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၇) ချောင်း၊ (၂.၉၇)တန်၊ တရားခံ(၂)ဦးနှင့် (၁၄-၂-၂၀၁၇)ရက်နေ့တွင် ဒေါ်စီသစ် တောပျိုးဥယျာဉ်စခန်းရှေ့ ခန့်မှန်းမြေပုံညွှန်း(GB-612390) တွင် လီဖန်းအမျိုးအစား (၆)ဘီးယာဉ်(၁)စီးပေါ်မှ တရားမဝင် တမလန်း ဓားရွေ(၁၁)ချောင်း၊ (၂.၃၄၃၂)တန်၊ တရားခံ(၄)ဦးတို့အား ဖမ်းဆီးရမိ ပါသည်။

(၁၂-၂-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ သထုံခရိုင် မှုခင်းတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့သည် သထုံမြို့နယ်၊ ပေါ်တော်မူ ကျေးရွာ၊ မိုင်တိုင်(၁၄၈/၂)အနီးတွင် ယာဉ်အမှတ်(7L/2214) တပ်ဆင် ထားသော ဟီးနိုးအမျိုးအစား၊ ခရမ်းဖြူရောင် (၁၈)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၅၅)ချောင်း၊ (၁၃.၁၀၉၈)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၁-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် မဘိမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်လှိုင်ကြိုးဝိုင်းအကွက် (၇)၊ ခန့်မှန်းမြေပုံညွှန်း(KE-204815) နေရာတွင် အယ်ဇူးသရီးကရောင် အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက် သစ်လုံး(၂၁)လုံး၊ (၅.၉၀၈၀)တန်အား သိမ်းဆည်းရမိပါသည်။

(၁၀-၂-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် ထုံးအိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ထုံးအိုင်-ကော့မှူးရွာလမ်း (တောကြီးရွာနိုင်ရွာ)အနီးတွင် ယာဉ်အမှတ်(KYH- 3C/7148) တပ်ဆင် ထားသော NISSAN အမျိုးအစား၊ (၁၂)ဘီး၊ အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်(ခွဲသား/စကွဲယား) (၇၁)ချောင်း၊ (၈.၇၈၅) တန်နှင့် အတူ တရားခံ(၂)ဦး လက်ကိုင်ဖုန်း(၂)လုံးတို့အား ဖမ်းဆီးရမိပါသည်။

(၁၀-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် လားရှိုး မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကွန်ခိုက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၅၁/၃)နေရာတွင် ယာဉ်အ မှတ်(၉ဌ/၇၃၇၃၁) တပ်ဆင်ထားသော (၄)လုံးထိုး၊ ထော်လာဂျီအမျိုး အစားယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်/တိုင်/ဓားရွေ) (၁၈)လုံး/ တုံး၊ (၂.၅၉၉၆)တန်နှင့်အတူ တရားခံ(၇)ဦး ဖမ်းဆီးရမိပါသည်။

(၁၀-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်း အကွက်(၁၀)၊ ခန့်မှန်းမြေပုံညွှန်း(93B/12, G-070710) နေရာတွင် ယာဉ်အမှတ်(2L/1413) တပ်ဆင်ထားသော(HYUNDI LIBERO) အမျိုးအစား၊ အဖြူရောင်ယာဉ်(၁)စီး၊ ယာဉ်အမှတ်(1K/1598) တပ်ဆင် ထားသော (CDW737)အမျိုးအစား အနီရောင်ယာဉ်(၁)စီးနှင့် ယာဉ် အမှတ် (6D/5584) တပ်ဆင်ထားသော (SINO TRUCK) အမျိုး အစား၊ အဖြူရောင်နောက်တွဲ TLR-3315 ယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၃)စီးပေါ်မှ တရားမဝင် (တမလန်း၊ ပိတောက်)ဓားရွေ (၄၃)တုံး၊ (၄.၈၇၆၆)တန်နှင့်အတူ တရားမဝင်သစ်များ သယ်ယူရာတွင် ပါဝင်သည့် ယာဉ်အမှတ် (MDY-9C/9157) တပ်ဆင်ထားသည့် MITSUBISHI CHAUENGER အမျိုးအစား လူစီးယာဉ်(၁)စီးနှင့် တရုတ်ဆိုင်ကယ် (၁၃)စီး၊ တရားခံ(၁၁)ဦးတို့အား ဖမ်းဆီးရမိပါသည်။

(၉-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ် (SHN-7F/8151) တပ်ဆင်ထားသော FUSO အမျိုးအစား အဖြူရောင် (၁၂) ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ဓားရွေ)၊ (၇၂)တုံး/ လုံး(၁၃.၆၇၀၀) တန်၊ တရားခံ(၁) ဦးနှင့် ယာဉ်အမှတ်(MDY-2F/6602) တပ်ဆင်ထားသော ISUZU အမျိုးအစား၊ ခဲရောင်(၆) ဘီးယာဉ်ပေါ်မှ ပိတောက်၊ ဓားရွေ (၃၅) တုံး(၁.၂၇၈) တန်၊ တရားခံ (၂) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်း ပိတောက် (သစ်လုံး/ ဓားရွေ)၊ (၁၀၇) လုံး/တုံး၊ (၁၄.၉၄၈၀)တန်၊ တရားခံ (၃) ဦးနှင့် ယာဉ်(၂)စီး ဖြစ်ပါသည်။

(၈-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များ၊ အင်းငါးခွ သကြားစက်ရုံ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဖန်းကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ရှားပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၆၁)၊ ပေါက်ခေါင်း-သဲကုန်းနယ်စပ်တွင် တရားမဝင်ပိတောက်ခွဲသား(၅၉)ချောင်း၊ (၆.၈၂၃၆)တန်အား သိမ်းဆည်း ရမိပါသည်။

Pages