Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၁၇-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကသာမြို့၊ ကသာ-အင်းတော်ကားလမ်း၊ မြို့ဝင်ဘီးခွန် ဂိတ်အနီး ခန့်မှန်းမြေပုံညွှန်း KG-247797 ၌ ယာဉ်အမှတ်(4G/4514) တပ်ဆင်ထား သော (လီဖန်း)အမျိုးအစား (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၂၁၇)ချောင်း (၁.၇၁၄၇)တန်နှင့်အတူ တရားခံ(၄)ဦးဖမ်းဆီးရမိပါသည်။

(၁၇-၁-၂၀၁၇)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သထုံမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း မိုင်တိုင် ၁/၄ တွင် ယာဉ် အမှတ်(4E/8865) တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ အပြာရောင်(၁၄)ဘီး ယာဉ်ပေါ်မှ တရားမဝင် အခြားသစ်ခွဲသား(၂၀၈)ချောင်း၊ (၈.၈၆၇၄)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်၊ ကုလသမဂ္ဂအခြေချနေထိုင်မှုအစီအစဉ်နှင့် မြန်မာရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသော "မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြားပါသည်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မန်စီမြို့မရဲခစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မန်စီမြို့ ကောင်ရာရပ်နှင့် ပြင်ဦးလွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် မန်စီမြို့နယ်၊ ဗန်းမော်- မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၀)နေရာတွင် ယာဉ်အမှတ်မပါ သရီးကရောင်း အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား(၃၂၆)ချောင်း (၄.၀၅၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

(၁၆-၁-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများအဖွဲ့သည် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ရုံးရှေ့၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၃၄/၆)အနီးတွင် ယာဉ်အမှတ်(1G/4429) တပ် ဆင်ထားသော (HILUX) အမျိုးအစား မီးခိုးရောင်ယာဉ်ပေါ်မှ တရားမဝင် ပေါင်(၃၀)ဝင် မီးသွေး(၂၀၀)အိတ်၊ (၂၁.၃၃)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၅-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ(ရေစကြို)မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ရေစကြိုမြို့မရဲစခန်းနှင့် သတင်းတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ရေစကြိုမြို့နယ်၊ ပခုက္ကူ-မုံရွာကားလမ်း၊ ဖူလုံကျေးရွာအနီး၊ ဘီးခွန်ကောက်စခန်းတွင် ယာဉ်အမှတ်(6K/2759) တပ်ဆင်ထား သော NISSAN အမျိုးအစား၊ (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၆၈) ချောင်း၊ (၄.၉၅၃၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

(၁၅-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သင်တောရိုးအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်(၈၁/၇)နေရာတွင် ယာဉ်အမှတ်(6L/6332) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဖြူစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၆၀)ချောင်း၊ (၄.၄၆၃၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

(၁၄-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် နောင်ချိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဂုတ်တွင်းတံတားအနီး ခန့်မှန်းမြေပုံညွှန်း(2296/15- KE-774733) နေရာတွင် ယာဉ်အမှတ် (MDY-2L/1337)တပ်ဆင်ထားသော TOYOTA အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၃၅)ချောင်း၊ (၀.၆၇၈၀)တန်နှင့် အတူ တရားခံ(၁)ဦးဖမ်းဆီး ရမိပါသည်။

Pages