၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၉-၂-၁၉ရက်နေ့တွင် အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ပျဉ်းမနားမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ နန်ချိုကြိုးပြင်တောအတွင်းမှ တရားမဝင် ကညင်ခွဲသား စုစုပေါင်း (၃၆)လုံး(၁၁.၆၇၄၂) တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၂-၁၉ရက်နေ့၁၃:၀၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်းများ၊ မြန်မာနိုင်ငံသစ်တောရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ် တဘူးလှဆည် တမံ(၂) နေရာမှ တရားမဝင် ပျဉ်းကတိုး/အခြားသစ် (၂၀)လုံး(၅.၁၂၈ ) တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၉.၂.၂၀၁၉ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့နှင့် အကောက်ခွန် ဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်၊ အလယ်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ်MDY-GG/8860 (AD Van အဖြူရောင်)ယာဉ်အား စစ်ဆေးရာ တရားမဝင် တမလန်းဓါးရွေ(၇)တုံး (၀.၂၁၂၄) တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(ကျပ် ၂၁၆ဝ၀ဝ-၂၀ဝ၀-၂၂၆ဝ၀ဝ)တောအုပ်ကြီး (၇၁)နေရာအတွက်လျှောက်လွှာများ လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၁၇.၂.၂၀၁၉ရက်နေ့၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်(၉၅)အတွင်း၊ လုံးရမ်းချောင်းဘေး၌ တရားမဝင် ကျွန်းသစ်လုံး/ခွဲသား (၆၆) လုံး/ချောင်း (၂.၇၁၃၂) တန်နှင့် လှည်း(၆)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၃၄၇.၆၇၁၃)တန်၊ သစ်မာ(၃၈၀.၁၄၉၅)တန်၊ အခြား (၄၉၄.၉၉၂၂)တန်၊ စုစုပေါင်း(၁၂၂၂.၈၁၃၀)တန်၊ တရားခံ(၇၁)ဦး၊ ယာဉ်/ယန္တရား(၆၈)စီး ဖမ်းဆီးရမိခဲ့ပါသည်

၁၈.၂.၂၀၁၉ရက်နေ့တွင် အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့နှင့် တပ်မတော်တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုင်းနင်းကျေးရွာ အနီးဝန်းကျင်မှ တရားမဝင် ကျွန်းသစ် စုစုပေါင်း(၁၇၉)လုံး၊ (၃၆.၉၁၀) တန်အားပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈.၂.၂၀၁၉ရက်နေ့၊ (၁၂:၄၅)နာရီတွင် မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၁လမ်းနှင့် အောင်ရတနာလမ်းထောင့်၊ အကွက်အမှတ် ဇ-၂၇/၃၂+၃၃ ရှိ ဦးဇော်မင်းထွန်း ၏ အိမ်တွင်းစက်မှုလက်မှု(သ/မ)ပြန်စိတ်စက်ဝန်းအတွင်းမှ တရားမဝင် ပိတောက်ခွဲသား/ပိတောက်ချပ်/ ယင်းတိုက်ခွဲသား စုစုပေါင်း(၇၈၈)ချောင်း/ချပ် (၁၀.၆၁၇၈)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

Pages