၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား Ms. Henrike Brecht ၊ Senior Infrastructure Specialist နှင့် Mr. Armando Guzma ၊ Senior Disaster Risk Management Specialist (TTLs) တို့ ဦးဆောင်သည့် The World Bank မစ်ရှင်အဖွဲ့မှ ယနေ့ ၇-၉-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၆:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြယ်ခေါင်မြို့ အကောက်ခွန်စခန်းနှင့် နောင်တောင်းမြို့ ကြော်ငြာသင်ပုန်းများတွင် တရုတ်ဘာသာဖြင့် ရေးသားဖော်ပြထားသော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တရားမဝင်သစ် ကုန်သွယ်ခြင်းကိစ္စရပ်များ ရပ်တန့်စေခြင်းအတွက် တရားမဝင်သစ် တင်ပို့ခြင်းဆိုင်ရာ ကန့်သတ်ချက်များ၊ မြန်မာနိုင်ငံအတွင်းဝင်ရောက်၍ တရားမဝင်သစ် ခိုးထုတ်သူများအား တရားဥပဒေအရ အရေးယူမည့် သတိပေးကြေညာချက်များကို လေ့လာ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဦးစီးအရာရှိများ စွမ်းဆောင် ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၇)ဖွင့်ပွဲအခမ်းအနားကို (၁၄.၉.၂၀၁၅) ရက်နေ့ ၊နံနက် (၈:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)၌ကျင်းပခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် Agroforestry စနစ်၏ ရှေးပြေး ဖြစ်သော တောင်ယာစနစ်'' Taungya System"သည် ၁၈၅၆ ခုနှစ်မှ စတင်၍ သစ်တောဦးစီး ဌာနတည်ထောင်ခြင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ရာ မကြာမီလအနည်းငယ် အတွင်းနှစ်ပေါင်း ၁၅၀တိတိရှိပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သိပ္ပံနည်းကျ သစ်တောအုပ်ချုပ်မှုကို ဂျာမန် လူမျိုး ဒေါက်တာ ဘရန်းဒစ်မှစတင်ခဲ့ပါကြောင်း၊ ၎င်းစနစ်များသည် မြန်မာနိုင်ငံမှတဆင့် အိမ်နီးချင်းနိုင်ငံများ ထိုမှတစ်ဆင့် အပူပိုင်းဒေသများသို့ ပျံ့နှံ့သွားခဲ့ကာ တောင်ယာဆိုသည့် မြန်မာစကားလုံးသည် အပြည်ပြည်ဆိုင်ရာ သစ်တောဝေါဟာရအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ ပါကြောင်း၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့(IUCN)တို့ပူးပေါင်းကျင်းပသည့် “မြန်မာနိုင်ငံတွင် ရမ်ဆာကွန်ဗင်းရှင်းအကောင်အထည်ဖော်ခြင်းဆိုင်ရာနိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲ အခမ်းအနားကို၇-၉-၂၀၁၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင်နေပြည်တော် ဇမ္ဗူသီရိဟိုတယ် ၌ ကျင်းပခဲ့ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းတက်ရောက်အမှာစကားပြောကြားပါသည်။

မြေအသုံးချမှုမူဝါဒသုံးသပ်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့အစည်းအဝေးကို (၂၆.၈.၂၀၁၅) ရက်နေ့၊(၁၃:၀၀)နာရီတွင် သစ်တောဦးစီးရံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းအဖွဲ့ဝင် များဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြ ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဌာန(ICIMOD)နှင့် ဂျာမနီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)တို့ ပူးပေါင်း၍ REDD+ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Lake Garden Hotel တွင်(၂၆.၈.၂၀၁၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံအပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှုတို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအားကိုင်တွယ်ဖြေရှင်းခြင်းလုပ်ငန်းစီမံကိန်း -Project for Addressing Climate Change Risks on Water Resourcesand Food Securityin theDry Zone of Myanmar” စီမံကိန်းလုပ်ငန်းများစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၃၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပပြုလုပ်ပါသည်။

Pages