၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရေဘေးသင့်ဒေသများသို့ သစ်တောဦးစီးဌာနမှတဆင့် ပါဝင်လှူဒါန်းလိုပါက တိုးချဲ့ပညာပေးရေးဌာန၊ တယ်လီဖုန်းအမှတ် 067-405113 သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်သည် မြန်မာနိုင်ငံအမျိုးသားသစ်တောသယံဇာတ ထိန်းသိမ်းကြီးကြပ်သည့်စနစ် အားကောင်းလာစေရန် မြေအသုံးချ ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း(TCP/MYA/3501)မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် FAO Lead Technical Officer Mr. Kenichi Shono ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၉-၇-၂၀၁၅ ရက်နေ့ မွန်းလွဲ (၂:၃၀)နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ၂၀၁၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့(၂၃.၇.၂၀၁၅)ရက်နေ့ ၊ နံနက်(၈:၃၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော်အရှေ့ဘက် ဆင်ဖြူတော်ဆောင်အနီးတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့်ဇနီး ဒေါ်ဆွေဆွေချစ် တို့ တက်ရောက်၍ ကံ့ကော်ပင်ကို စိုက်ပျိုး ပေးပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းအရေးမှူး ချုပ်ရုံး၊ ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ၊ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်း နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် “၂၀၁၅ခုနှစ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် နည်းပညာဆိုင်ရာများ အကြံပေးပညာရှင် Dr. Marlene Buchy နှင့် EU FLAGT VPA ကြိုတင်ပြင်ဆင်ရန်အတွက် ယနေ့ နံနက် ၁၀:၀၀ နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန့်မ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို သစ်တောဦးစီးဌာနမှ အရာထမ်းများလည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း ဘန့်ဘွေးကျေးရွာရှိ သစ်တောပျိုးယျာဉ်၊ လိပ်ထိန်းသိမ်းမွေးမြူရေး စခန်း၊ ဖမ်းဆီးရမိတရားမဝင်သစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ၂၀၁၅ ခုနှစ် မိုးရာသီ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာ၊ တွင်းနယ်ဘိနယ်စခန်းသို့ ကျောက်ဖျာ ချောင်းအတွင်း မျောပါလာသော တောဆင်ရိုင်းငယ် (၁)ကောင်အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ သစ်တောဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများမှ ဆယ်ယူ၍ ကျောက်ဖျာကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ မိခင်တောဆင်ရိုင်းမကြီး ရှိရာသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ဦးဆောင်၍ ဦးစီး/ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံသစ်တော ကျောင်းတာဝန်ရှိသူများတက်ရောက်၍ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာ (၉) လ သင်တန်း တွင် သင်ကြားပို့ချလျက်ရှိသော သင်ရိုးတမ်းပြန်လည်ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Pages