၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြေအသုံးချမှုနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာအစီအမံများ စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားမြေအသုံးချမှုမူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ၂၀၁၂ ခုနှစ်၊ ဇွန်လမှစတင်၍ မြေယာစီမံခန့်ခွဲသည့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ ဆက်စပ်သည့်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အငြိမ်းစားအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာ ရှင်များ ပူးပေါင်း၍ အမျိုးသားမြေအသုံးချမှုမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်၊ မူဘောင်ချမှတ်ကာ အလုပ်ရုံဆွေးနွေးပွဲ (၅)ကြိမ်၊ အစည်းအဝေး(၃၉)ကြိမ်၊ သင်တန်း(၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)ကိုရေးဆွဲပြုစုတင်ပြခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း၍ “ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်ချမှတ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် အဆင့်လုပ်ငန်းအစီအစဉ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ရက်နေ့အထိ နေပြည်တော်၊ ဂရင်းအမရ ဟိုတယ်တွင် ကျင်းပခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၊ Myanmar Resident Mission မှ Country Director ဖြစ်သူ Mr. Winfried F. Wicklein ဦးဆောင်သောအဖွဲ့အား ယနေ့ ၂၁-၁-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား နော်ဝေနိုင်ငံ၊ The Norwegian Environment Agency မှ Senior Advisor Ms. Kristin Eine နှင့် Senior Advisor Mr. Svein Grotli Skogen တို့မှ ယနေ့ ၂၀-၁-၂၀၁၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးတို့မှ တက် ရောက် ခဲ့ကြသည်။

ဥရောပသမဂ္ဂနှင့်မြန်မာနိုင်ငံတို့အကြား သစ်တောဥပဒေ သက်ရောက်မှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ကြိုတင်ပြင်ဆင်သည့်အဆင့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် Grand Amara ဟိုတယ်၌ ယနေ့(၁၉-၁-၂၀၁၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းထွန်းတက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သစ်ကုန်သွယ်မှု၊ စီမံအုပ်ချုပ်မှုနှင့် လုပ်ထုံးလုပ်နည်း စနစ်များ ဆိုင်ရာ ဆွေးနွေးပွဲကို Grand Amara ဟိုတယ်၌ ယနေ့(၁၄-၁-၂၀၁၅) ရက်နေ့ ၊ နံနက်
(၉:၃၀) အချိန်တွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်အမှာစကားပြောကြာခဲ့ပါသည်။

မြေအသုံးချမှုမူဝါဒ သုံးသပ်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန အင်ကြင်းခန်းမ၌ ယနေ့(၁၂.၁.၂၀၁၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ မြို့နယ်တာဝန်ခံ အဆင့် ဦးစီးအရာရှိများ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အမှုထမ်းများ အတုယူလာစေရန်၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှုနှင့် သစ်တောကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် လုပ်ငန်းစွမ်းဆောင် ရည် တိုးတက်လာစေရန်နှင့် ဝန်ထမ်းကောင်းတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် စိတ်ဓာတ်၊ စာရိတ္တနှင့် ခံယူချက်၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံ၍ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲ ဥပဒေများကို

Pages