၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာဝန်ကြီးဌာနသည် အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲမှုဗဟိုကော်မတီ ကိုယ်စား အမျိုးသားမြေယာစီမံခန့်ခွဲမှု မူဝါဒ (မူကြမ်း) ကို တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

Nay Pyi Taw, Myanmar: On October 18 Ministry of Environmental Conservation and Forestry (MOECAF) on behalf of the National Land Resource Management Central Committee publicly released the draft National Land Use Policy.This is the first policy of its type to be developed in Myanmar. 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် သစ်တော သုတေသနစာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ စတင် ၍ နေပြည်တော် ရုံးအမှတ် (၃၉)ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ ၌ ကျင်းပမည်ဖြစ်ပြီး သုတေသနစာတမ်း ၁၆ စောင် ဖတ်ကြားဆွေးနွေးမည် ဖြစ်သည်။

နေပြည်တော်၊ Grand Amara Hotel တွင် (၃-၁၁-၂၀၁၄) မှ (၄-၁၁-၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သော အရှေ့တောင်အာရှဒေသ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ခံရမှု တားဆီးထိန်းချုပ်ရေး ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၏ CITES သိပ္ပံဆိုင်ရာ တာဝန်ခံဖြစ်သူ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး- ဦးဝင်းနိုင်သော်မှ အဖွင့်အမှာစကားပြောကြားပါသည်။

၁။                ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၄ခုနှစ်၊သြဂုတ်လ(၂၄)ရက်စွဲပါ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများ မှခေါ်ယူ ထားသည့်သစ်တောဦးစီးဌာနတွင်လစ်လပ်လျှက်ရှိသော တောအုပ်ကြီး(လစာနှုန်းကျပ် ၉၉၀၀၀-၁၀၀၀-၁၀၄၀၀၀)ရာထူး(၂၇)နေရာအတွက် လျှောက်လွှာတင်ထားသောပုဂ္ဂိုလ်များကို   သစ်တောတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအတိုင်း ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပါ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် (၆-၁၀-၂၀၁၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အင်းလေးကန်ရေရှည်တည်တံ့ရေး နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး(၅)နှစ်စီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ -ACIAR (အာစီယာ) မှ Team Leader and Catchment Management Specialist ဖြစ်သူ Dr. CHRISTIAN HEINRICH ROTH ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၇-၁၀-၂၀၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် Solar Impulse and Party, Switzerland မှ CEO, Co-Founder Mr. Andre Borschberg နှင့် အဖွဲ့ အား ယနေ့၇-၁၀-၂၀၁၄ ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

Pages