၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်(၁)ကို အကောင်အထည်ဖေါ်ဆောင်ရွက်မှုအဖြစ် တာဝန်သိမှု၊ တာဝန်ယူဖြင့် ပေါင်းစပ် ညှိနှိုင်းစီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ် အင်ကြင်းခန်းမ၊ နေပြည်တော်၌ ဇွန်လ(၃၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပဆွေးနွေးခဲ့ကြကြောင်းသိရသည်။

REDD+ နှင့် ရာသီဥတု ပြောင်းလဲမှု လျော့ပါးရေး တိုးချဲ့ပညာပေးခြင်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ခြင်း သင်တန်းဆင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ(၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်ပို့ချခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ သင်တန်း ဆင်းပွဲအခမ်းအနားသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ ညွှန်ကြား ရေးမှူးနှင့် အရာထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။

သတင်းအရ ၈-၆-၂၀၁၄ ရက်နေ့၌ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး နှင့်အဖွဲ့၊ ပုလဲမြို့နယ် ဦးစီးအရာရှိ ဦးဇော်ကိုကို  နှင့်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချစ်ဆန်းမောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်း၊ မိုင်တိုင်အမှတ် (၆၁/၂)နှင့် (၆၁/၃)ကြား၊ လမ်းဘေးကျောက်ခွဲစက် ဟောင်းနေရာ တောင်ဘက်၊ 2194-05 FV-505213  ရှေ့ပေ (၁၀၀)ခန့် အကွာနေရာမှ တရားမဝင်သစ်(ပျဉ်းကတိုး၊ အင်ကြင်း၊ အင်၊ ကျွန်း) (၁၆.၉၁)တန်၊ ယာဉ် (၂)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် အဖိုးတန်သယံဇာတများ ကြွယ်ဝလှသည့် အရှေ့ တောင်အာရှ၏ အကြီးဆုံးကုန်းတွင်းနိုင်ငံတစ်ခုဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်တည်ဆောက်ရာ၌ စနစ်ကျသော သယံဇာတစီမံအုပ်ချုပ်မှုရှိရန်လိုအပ်ပါသည်။ သင့်တင့်သော လူဦးရေအချိုးအစားနှင့် ကျယ်ပြန့်သော နယ်မြေဧရိယာပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေနှင့် မြေယာအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုများကောင်းမွန်တိုးတက်လာစေရန်နှင့် စနစ်တကျဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ မြေယာအသုံးချမှုစီမံခန့်ခွဲရေးနှင့် မြေယာအသုံးချ မှုဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲများကိုလည်း ကျင်းပလျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား မြန်မာ-ဟောင်ကောင် ကုန်သည်ကြီးများအသင်းမှ Founding Chairman ဖြစ်သူ Mr. Albert Oung ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၁-၆-၂၀၁၄)ရက်နေ့၊ (၁၄:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ University of Manchester၊ Computational Evolutionary Biology Research Groupမှ Dr.Catherine Walton ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မှ (၄-၆-၂၀၁၄) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီတွင် သစ်တောဦးစီးဌာနရှိ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား ENVIRON Global ၏မြန်မာနိုင်ငံအခြေစိုက် ENVIRON Myanmar Co., Ltd. မှ Principal Consultant and Director Ms. Virginia Alzina နှင့်အဖွဲ့သည် ယနေ့ (၄-၆-၂၀၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ယနေ့ နံနက်(၀၈:၄၅)နာရီအချိန်တွင် နေပြည်တော် အမရဟိုတယ်၌ ကျင်းပ ပြုလုပ်သော (၁၃)ကြိမ်မြောက်အာဆီယံသစ်ထောက်ခံချက်ပြုရေးလုပ်ငန်း အဖွဲ့အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Pages