၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံသည်မြောက်ဘက်စွန်း ရေခဲဖုံးတောင်တန်းများမှအစပြု၍ တောင်ဘက်စွန်း ပင်လယ် ကမ်းရိုးတန်းအထိ သဘာဝပထဝီအနေ အထားခြားနားမှု၊ ရာသီဥတု ကွဲပြားခြားနားမှုတို့ကြောင့် အဖိုးတန် သစ်တောကြီးများသာမက ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်မျိုးစုံလည်း ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ခေတ် အဆက်ဆက် အစိုးရလက်ထက်တွင် သစ်တောသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး အတွက် မြန်မာ့သစ်တောများကို ခေတ်စနစ်နှင့်အညီ စီမံအုပ်ချုပ်လုပ်ကိုင်ဆောင်ရွက်သည့်အပြင် ဇီဝ မျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန် စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီ ရင်ခံစာပါ အပိုဒ် ၈၂ (က)၊ အပိုဒ်ခွဲ (၂၉) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ အနီးရှိမြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ် စက်ရုံ သည် အန္တရာယ် ရှိသောဓာတုပစ္စည်းစက်ရုံ( Hazardous Chemical Plant)ဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်နိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု ISO Certificates များ ရယူထားခြင်း မရှိ သည့်အတွက် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရန်နှင့် နိုင်ငံတကာ ပြဌာန်းချက် များ၊ စံချိန်စံညွှန်းများနှင့်အညီ ISO Certificates များရယူရန်လိုအပ်ကြောင်း အကြံပြုခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဖိုးတန်သစ်တောသစ်ပင်များ မပြုန်းတီးစေရန်နှင့် သစ်တောသယံဇာတ များကို ပြည်သူလူထုအတွက် ထိရောက်စွာအသုံးချနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ ကြိုတင်သတင်းရယူဖော်ထုတ်ခြင်း၊ စစ်ကြောင်းဖွဲ့၍ နယ်မြေရှင်းလင်းခြင်းတို့အား နိုင်ငံတစ်ဝှမ်းလုံးတွင်အချိန်နှင့်တပြေးညီ ပြုလုပ်လျက်ရှိပါသည်။ ထို့အပြင် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ လက်ဝယ်ထားရှိခြင်းများနှင့် သယ်ယူရောင်းချခြင်းများအားလည်း ထိရောက်စွာဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံ၏ အဖိုးတန်သယံဇာတဖြစ်သော သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် ပြုစုထိန်း သိမ်းခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများသာမက သစ်တောပြုန်းတီးမှု၏ အဓိကအကြောင်းအရင်း တစ်ခုဖြစ်သည့် သစ်နှင့် သစ်တောထွက်ပစ္စည်း ခိုးထုတ်သယ်ယူမှုများကို စဉ်ဆက်မပြတ် ဖမ်းဆီး ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၁-၁၁-၁၉၂၇ ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်၊ (၂၄၃/၁၉၂၇)ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ် ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်များအတွင်းမှ ဧရိယာဧက (၈၀၅၄၆)အား ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တောဆင်ရိုင်းများအား အဓိကထား ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ 

ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဝန်ထမ်းများသည် အပြည်ပြည်ဆိုင်ရာတောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( FFI )မှ ဂျာမဏီနိုင်ငံသား ငှက်ပညာရှင်(၂)ဦးနှင့်အတူ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အနီးဝန်းကျင် ဧရိယာများ(ဂယက် ကြီးကျွန်း၊ ငါးမန်းသောင်၊ ကတုံကလေးကျွန်း၊ ကျွန်းသာယာ)တွင် ငှက် မျိုးစိတ်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၄-၂-၂၀၁၄)ရက်နေ့မှ (၇-၂-၂၀၁၄)ရက်နေ့အထိ ဆောင်ရွက်ကြောင်းသိရသည်။

(၂၉-၃-၂၀၁၄)ရက်နေ့မှ(၄-၄-၂၀၁၄)ရက်နေ့အထိပြည်နယ်/တိုင်းဒေသကြီးများနှင့်နေပြည် တော်ကောင်စီနယ်မြေတို့တွင် တရားမဝင်သစ် ဖမ်းဆီးရမိမှုများမှာ ကချင်ပြည်နယ်တွင် တရားမဝင်ကျွန်းသစ်(၀.၇၈၆၀)တန်၊ သစ်မာ(၁.၈၃၄၀)တန်၊ အခြားသစ်(၆.၉၅၂၀)တန်၊စုစုပေါင်း (၉.၅၇၂၀)တန်၊ ချင်းပြည်နယ်တွင် တရားမဝင်သစ်မာ(၂.၈၆၈၂)တန်၊ အခြားသစ်(၁.၃၆၈၄)တန် ၊ စုစုပေါင်း(၄.၂၃၆၆)တန်နှင့်တရားခံ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ် (၃၇.၀၉၇၀)တန်၊ သစ်မာ(၃၄၂.၀၈၄၂)တန်၊ အခြားသစ်(၃၁.၅၃၄၄)တန်၊ စုစုပေါင်း(၄၁၀.၇၁၅၆) တန်

Pages