၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “the fight against the illegal trade in wildlife” (တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့) ခေါင်းစဉ်ဖြင့် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့ ပူးပေါင်း၍ အင်းလေးကန်ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောဦးစီးဌာန၊ ရတနာ သစ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် တက်ရောက် အမှာစကား ပြောကြားသည်။

(၂၆­၄­၂၀၁၆)(အင်္ဂါနေ့)

၁။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင်ကျင်းပသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ဆိုင်ရာ ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာပါရီသဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြတိုက်ဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ဆာဖာရီဥယျာဉ်ဝင်းအတွင်း၌ ၂၀၁၆ ခုနှစ်၊ မတ်လ(၂၉) ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်း သိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း တက်ရောက်ပြီး ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်တို့နှင့်အတူ ပြတိုက် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ Fauna& Flora International (FFI) နှင့် Ramsar Centre Japan(RCJ) တို့ပူးပေါင်းကျင်းပသော ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ရေတိမ် ဒေသများနေ့ (World Wetlands Day)အထိမ်း အမှတ်အခမ်းအနား ကို ယနေ့ (၂-၂-၂၀၁၆)ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

အတည်ပြုပြဋ္ဌာန်းပြီးသော အမျိုးသားမြေအသုံးချမှုမူဝါဒ (National Land Use Policy) အား အောက်ဖော်ပြပါ Link များတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.fdmoecaf.gov.mm/sites/default/files/Documents/National%20Land...
http://www.fdmoecaf.gov.mm/sites/default/files/Documents/National%20Land...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် ကျိုက်ထီးရိုးဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အခြေအနေများကိုစစ်ဆေးရန် ယနေနံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်မွန်းစခန်းသို့ ရောက်ရှိသည်။

ထို့နောက် ဒုတိယသမ္မတသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကင်မွန်းစခန်းမှတစ်ဆင့် ကျိုက်ထီးရိုးတောင်ခြေအနီး၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ပြည်ပဘုရားဖူးလေ့လာသူများ စိတ်အပန်းဖြေအနားယူနိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျိုက်ထီးရိုးရေတံခွန်စမ်းတွင် လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ရောက်ရှိကာ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အား ဖူးမျှော်ကြည်ညို၍ ပန်း၊ရေချမ်း၊ သစ်သီးဆွမ်း များနှင့် ရွှေသင်္ကန်းတို့ကို ကပ်လှူပူဇော်သည်။

ဂေဟစနစ်(Ecosystem) များစွာရှိသည့်အနက် ရေတိမ်ဒေသဂေဟစနစ်(Wetlands Ecosystem)သည် ယင်းဒေသအတွင်း မှီတင်းကျက်စားနေထိုင်သည့် ဇီဝမျိုးစုံမျိုးကွဲများ အတွက်သာမက လူသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ထောက်ပံ့ဖြည့်ဆည်းပေးနေသည့် သဘာဝအရင်းအမြစ်တစ်ခု အဖြစ်အရေးပါဝင်သည်။ ကမ္ဘာ့ ရေတိမ်ဒေသ များစွာရှိသည့်အနက်မှ လူသားများအတွက် စိုက်ပျိုး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် အခြားသော သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲရေးတို့အတွက်သာမက ရေတိမ် ဂေဟစနစ် ပြည့်စုံကောင်းမွန်မှု၊ ဇီဝမျိုးစုံမျိုးကွဲများအတွက် အထောက်အပံ့ဖြစ်စေမှု၊ ဆောင်းခို ငှက်မျိုးစိတ်များ၊ ဌာနေငှက်များနှင့် ရေနေသတ္တဝါများတို့အတွက် နေရင်းဒေသတစ်ခုအဖြစ် ဖြည့်ဆည်းပံ့ပိုး ပေးနိုင်မှုတို့အပေါ် မူတည်၍ ကမ္ဘာလုံးဆိုင်ရာအရေးပါသည့် ရေတိမ်ဒေသများကို ထိန်းသိမ်းရန် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်း (Ramsar Convention on Wetlands)အား ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံများပါဝင်လက်မှတ်ရေး ထိုးပြီးဖွဲ့စည်း တည်ထောင်ခဲ့သည်။

Pages