၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရပ်ကွက်၊ စကားဝါလမ်း၊ ခြံအမှတ်(၄၀၂)၊ ဝါဝါဝင်းကုမ္ပဏီပိုင်ခြံဝင်းအတွင်းမှ ကုန်သေတ္တာ(၁၆)လုံးအတွင်း ထည့်သွင်းထားသည့် တရားမဝင် ပိတောက်စကွဲယား ခန့်မှန်း(၃၇၅)တန်ခန့်၊ တမလန်း စကွဲယားခန့်မှန်း (၂၀)တန်ခန့်၊ စုစုပေါင်း(၃၉၅)တန်ခန့်နှင့်အတူ ကွန်သေတ္တာသယ် ဆောင်သည့် (၁၀)ဘီးယာဉ် (၆)စီး၊ ယာဉ်(၇)စီး၊ ပိုင်ရိုက်စက်(၃)လုံး၊ ကုန်သေတ္တာ အလွတ်(၈)လုံး၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စံဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့၊ Oriental High Way ဂိတ်တွင် ယာဉ်အမှတ်- YGN-6G/3961 တပ်ဆင်ထားသော IPSUM အမျိုးအစား အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၉)တုံး (၀.၆၈၁၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ စစ်ဆေးထွက်ဆိုချက်များအရ တရားခံနှင့်ပါဝင်ပတ် သက်သူများအား သီပေါမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ထားရှိ ပါသည်။

(၁၇-၂-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ(သစ်တောလုံခြုံရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့)မှ ရဲတပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်းတိုးဂိတ်တွင် ယာဉ် အမှတ် YGN-5G/8632 တပ်ဆင်ထားသော TOYOTA အမျိုးအစား အဖြူရောင်ယာဉ် နှင့် MDY- 1F/2419 တပ်ဆင်ထားသော(MITSUBISHI)အမျိုးအစား၊ ဖြူစိမ်းကြား အရောင် ယာဉ်(၂)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ(၂၄)တုံး၊ (၁.၆၉၆၀)တန်နှင့် အတူ တရားခံ(၄)ဦးဖမ်းဆီးရမိခဲ့ပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မှုခင်းအကူတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဇေယျာ သီဒ္ဓိဘောလုံးကွင်းအနီးတွင် ယာဉ်အမှတ်(3K/6507) တပ်ဆင်ထားသော FUSO အမျိုး အစား၊ အစိမ်းရောင်(၁၂)ဘီးယာဉ်နှင့် 3I/6418 တပ်ဆင်ထားသော Super Great အမျိုးအစား၊ ငွေရောင်(၁၂)ဘီးယာဉ်၊ စုစုပေါင်းယာဉ်(၃)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသား(၁၄၁)ချောင်း၊ (၂၄.၁၇၀၈)တန်နှင့် တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကြို့ပင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၁၈၃/၆ အနီးတွင် ယာဉ်အမှတ် မ/၁၂၆၇ တပ်ဆင်ထားသည့် PE-RESOINA အမျိုးအစား (၆)ဘီးယာဉ် ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၄)ချောင်း၊ (၅.၁၃၆၂)တန်နှင့် တရားခံ(၁)ဦးဖမ်း ဆီးရမိပါသည်။

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၀/၇) Toll Gate တွင် ယာဉ်အမှတ် 4M/6357 တပ်ဆင်ထားသော FUSO အမျိုးအစား၊ အဖြူရောင်(၆) ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၇၁)ချောင်း၊ (၁၀.၇၅၁၀)တန်နှင့်အတူ တရားခံ (၃)ဦး ဖမ်းဆီးရမိပါသည်။

(၂၇-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်လေမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့၏ အနောက်မြောက်ဘက်၊ နမ့်စန်မှ (၈)မိုင်ခန့်အကွာ လွိုင်ယဲကျေးရွာအုပ်စု၊ လွိုင်ယဲ- တိုင်းကောင်-လဲချားသွားမြေလမ်း၊ မြေတွင်းတစ်နေရာ ခန့်မှန်းမြေပုံညွှန်း(LD-614230) နေရာတွင် ယာဉ်အမှတ်(၅ခ/၆၂၄၆ ၊ ၈ဇ/၆၆၇၇၊ ၈စျ/ ၈၇၆၈၊ 8E/ 6983) တပ်ဆင်ထားသော NISSAN အမျိုးအစား (၁၂)ဘီးယာဉ် (၄)စီး ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ ဓားရွေ) (၈၉)လုံး/တုံး (၂၆.၁၈၁)တန်နှင့်အတူ တရားခံ(၆)ဦးဖမ်းဆီးရမိပါသည်။

Pages