၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၁.၂.၂၀၂၅)ရက်နေ့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ အ-ထ-က ကျောင်းတွင် ကျင်းပပြုလုပ်ရာ အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်အောင်ဆွေမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၅)ဦး၊ ကွင်းကောက်မြို့၊ အ-ထ-က ကျောင်းမှဆရာ/ဆရာမ (၁၂)ဦး၊ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး၊ စုစုပေါင်း(၃၁၇)ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၁၁-၂-၂၀၂၅ ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ " သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းထက်ေအာင်-၂မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများ၊ သစ်တောများမှပေးသောအကျိုးကျေးဇူးများ၊သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်
သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မှ ဆရာ /ဆရာမ (၂)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၀)ဦး၊သစ်သစ်ေတာဦးစီးဌာနမှဝန်ထမ်း(၃)ဦး၊စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

(၁၀-၂-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးဆန်းမြင့်ထွန်း(ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ၊ ဦးစီးအရာရှိ ဒေါက်တာဖြူဖြူသင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာပါရဂူဘွဲ့တက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်စန္ဒာချစ်ကြည်က ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောအပေါ်မှီခို၍ လူထုအခြေပြုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ဝါး၊ကြိမ်လုပ်ငန်းဆိုင်ရာ နည်းပညာနှီးနှောဖလှယ်ပွဲ တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

၇-၂-၂၀၂၅ ရက်နေ့(၁၀:၀၀)နာရီတွင် ငါန်းဇွန်မြို့နယ် (အ.ထ.က)၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပေးပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာကျောင်းအုပ်ကြီးနှင့်၊ကျောင်းသား/သူများ၊ ပြန်/ဆက်ဦးစီးဌာန၊ စုစုပေါင်း (၁၄၂)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ငါန်းဇွန်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးလှမျိုးနိုင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ တောမီးလောင်ခြင်းတို့၏ဆိုးကျိုးများအားအသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီးထံ သစ်တောကဏ္ဍနှင့်ပတ်သက်၍သိကောင်းစရာစာအုပ်များပေးအပ်ခြင်း၊ ကျောင်းသား/သူ များသိလိုသည်များမေးမြန်းခြင်းတို့အပေါ်ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း များ စုစုပေါင်း (၄၀) ဦး နှင့် သင်တန်းသား (၃၀) ဦးတို့ ပါဝင်တက်ရောက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၁၃) သင်တန်း၏ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ သင်တန်းကာလ အတွင်း ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့မှုများ၊ သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိမည့် အကျိုး ကျေးဇူးများနှင့် သင်တန်းကရရှိသည့် အသိပညာရပ်တွေကို လုပ်ငန်းခွင်နယ်ပယ်မှာ လက်တွေ့ပြန်လည်အသုံးချဖို့နှင့် အောက်ခြေအဆင့်ထိ သိသင့်တာတွေကို ဆင့်ပွားဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားကြဖို့ပြောကြားခဲ့ပါသည်။သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဇေယျက သင်တန်းသားတစ်ဦးချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြီးစီးခဲ့ပါကြောင်းသတင်းရရှိပါသည်။

၅-၂-၂၀၂၅ ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ မွေအုပ်စု၊ မွေကျေးရွာ၊ဘုန်းကြီးကျောင်းဓမ္မာရုံတွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၅၀)ဦး၊ မွေကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/သား (၆၃)ဦး၊ စုစုပေါင်း(၁၁၃)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မိတ္ထီလာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါသည်။

တမူးမြို့နယ်သစ်တောဦးစီးဌာနမှ ၆.၂.၂၀၂၅ ရက် (ကြာဿပတေး)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တမူးမြို့ “ဇေလူရည်ချွန်” ကိုယ်ပိုင်အထက်တန်းကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်ရာ တမူးမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးကျော်သူမှ သစ်တောများထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျော့ချရေးခေါင်းစဉ်များအလိုက် ဟောပြောခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် အထက်တန်း(၁၀, ၁၁, ၁၂)တန်းမှ ကျောင်းသား/သူ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲအား (၁၀:၃၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ်၊သစ်တောဦးစီးဌာနမှ(၆-၂-၂၀၂၅)ရက်နေ့(၀၈း၀၀)နာရီအချိန်တွင် ခန္တီးမြို့၊နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့ပါသည်။ဟောပြောပွဲသို့ ခန္တီးမြို့နယ်၊သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးဝင်းမောင်မှ သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတ ထိန်းသိမ်းရေးခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီးတောအုပ်ဦးဝင်းခိုင်မှ မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုး ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား/သူ(၅၄)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၇)ဦး၊စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြပြီးတက်ရောက်လာသူများ၏ မေးမြန်းချက်များကို မြို့နယ်ဦးစီးဌာနမှူးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

Pages