ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း- စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်းစီမံကိန်း အပိုင်း (၂)” (Norwegian Institute for Water Research-Integrated Water Resource Management- NIVA-IWRM Phase –II)

မြန်မာနိုင်ငံအစိုးရနှင့် နော်ဝေနိုင်ငံအစိုးရတို့ အကြား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) တွင် ဆောင်ရွက်မည့် နော်ဝေ-မြန်မာနှစ်နိုင်ငံ ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်အရ “ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း- စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်းစီမံကိန်း အပိုင်း(၂)” (NIVA-IWRM Phase –II) အား (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၀/၂၀၁၉) မှ သဘောတူခွင့်ပြုချက်ဖြင့် သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ရေသုတေသနဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းအကြောင်းအရာ
စီမံကိန်းအမည် - ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ် ခြင်း - စွမ်း ဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်း ပေးခြင်းဆိုင်ရာ စီမံကိန်း (အပိုင်း-၂)
စီမံကိန်းကာလ - ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅နှစ်)
စီမံကိန်းရန်ပုံငွေ - အမေရိကန်ဒေါ်လာ (၅) သန်းခန့်
မြန်မာနိုင်ငံဘက်မှကိုင်တွယ်
သုံးစွဲမည့်ငွေ - အမေရိကန်ဒေါ်လာ (၃၂၀,၀၀၀) ခန့်
အထောက်အပံ့ပေးအပ်သည့်
အဖွဲ့အစည်း - နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
စီမံကိန်းဧရိယာ - ရွှေကျင်မြစ်၊ ပဲခူးမြစ်နှင့် တနင်္သာရီမြစ်
ရည်ရွယ်ချက် - ကုန်းတွင်းရေအရင်းအမြစ်များကို စီမံအုပ်ချုပ်ရာတွင် ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်မှု စနစ်ကို နိုင်ငံအဆင့်တွင် အကောင်အထည်ဖော် ကျင့် သုံးရန်နှင့် အမျိုးသားအဆင့် ရေမူဝါဒ လမ်းညွှန်မူ ဘောင်နှင့်အညီ ရေသယံဇာတ အရင်းအမြစ်များ စီမံ အုပ်ချုပ်ရန်။
မျှော်မှန်းရလဒ်များ - ရေအရည်အသွေးဆန်းစစ်အကဲဖြတ်ခြင်း၊
- နိုင်ငံအဆင့် ရေဓါတ်ခွဲခန်းတစ်ခုတည်ထောင်ခြင်း၊
- ရေအရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ စနစ်တစ်ခု တည်ထောင်ခြင်းနှင့် လက်တွေ့အသုံးပြုခြင်း၊
- အမျိုးသားအဆင့် ရေမူဝါဒလမ်းညွှန် မူဘောင်အား မြစ်ဝှမ်းဒေသများတွင် အကောင်အထည်ဖော်ခြင်း၊
- သတ္ထုတူးဖော်လျက်ရှိသောဒေသများတွင် ဘေးအန္တရာယ်ဆန်းစစ်အကဲဖြတ်ခြင်းနှင့် စောင့် ကြည့်လေ့လာခြင်း အစီအစဉ်များ ဖော်ထုတ်ခြင်း။