၀န်ကြီးဌာနမှ တည်ထောင်ထားရှိသည့် ရေဝေရေလဲစိုက်ခင်း

ရေလှောင်ကန်ကြီးများ၊ ဆည်/တမံကြီးများနှင့် အရေးကြီးသောမြစ်ချောင်းများ၏ ရေဝေဧရိယာများအတွင်း သစ်တောပြုန်းတီးနေသောနေရာများတွင် မြေ၊ ရေ တိုက်စားမှု မရှိစေရန်နှင့် နှုံးပို့ချမှုများပြီး ရေသိုလှောင်နိုင်သည့် ပမာဏနည်းသွားခြင်းမှ ကာကွယ် ရန် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများဖြင့် စိုက်ပျိုးတည်ထောင်ပါသည်။

ဒီရေတောစိုက်ခင်း
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ပင်လယ် ဒီရေအတက်အကျရှိသောဒေသများ၌ မုန်တိုင်း၊ ဆူနာမီစသည့် သဘာဝဘေးအန္တရာယ် များကျရောက်မှုမှကာကွယ်ရန် ဒီရေတောသစ်မျိုးများဖြစ်သော ဗြူး၊ ဗြူးအုပ်ဆောင်း၊ ဗြူးဥတလုံး၊ ဗြူးဘိ၊ ဗြူးဗိုင်းတောင့်၊ သရော်၊ ကနစို၊ ကန့်ပလာ၊ မဒမ၊ လမု၊ သမဲ့၊ ရေဇယား သစ်မျိုးများဖြင့် တည်ထောင်သည့် စိုက်ခင်းဖြစ်ပါသည်။ ၆ပေ x ၆ပေ ပန္နက်အကွာအဝေးဖြင့် စိုက်ပျိုးပြီး ထုတ်ယူသုံးစွဲရန်မဟုတ်ဘဲ အစဉ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသည့် စိုက်ခင်းအမျိုးအစားဖြစ်ပါသည်။