သစ်တောဖွံ့ဖြိုးရေး

သစ်တောသုတေသနဌာန၊ သစ်တောဖွံ့ဖြိုးရေးဌာနခွဲ

သစ်တောဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်းများ

(၁) သဘာဝသစ်တောများ ထိန်းသိမ်းခြင်းနှင့်ပိုမို ကောင်းမွန်စေရန် ပြုစုခြင်းဆိုင်ရာနည်း စနစ်များ သုတေသနပြု လေ့လာခြင်း၊

(၂)  သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း ဆိုင်ရာနည်းစနစ်များအား သုတေသနပြု လေ့ လာခြင်း။

(၃) အထူးကျွန်းစိုက်ခင်းများအတွက် အသုံးချသုတေသန လုပ်ငန်းများအား ဆောင်ရွက်ခြင်းနှင့် သစ်မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက် ခြင်း၊

(၄) ရေမြေသားငှက်နှင့် သဘာဝသယံဇာတများ ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်း၊

(၅)  သစ်တောများအား ရောဂါကျရောက်မှုနှင့် အင်းဆက်ပိုးမွှားများအန္တရာယ်မှ ကာကွယ် ရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၆) သစ်ပင်အမျိုးအစား တိကျစွာ ဖော်ထုတ်ခြင်းနှင့် ပန်းပုံစံနမူနာများ ထိန်းသိမ်း ထား ရှိခြင်း

သစ်တောသုတေသနဌာန၊ သစ်တောဖွံ့ဖြိုးရေးဌာနခွဲ ဇီဝနည်းပညာဓါတ်ခွဲခန်း

လုပ်ငန်းတာဝန်များ

၁။   ကျွန်း၊ ယူကလစ်နှင့် သစ်ခွပင်များအား တစ်သျှူးမျိုးပွားခြင်းနည်းဖြင့် မျိုးပွားခြင်း

၂။   ရရှိလာသော တစ်သျှူးပင်များအား ဒဏ်ခံနိုင်ရည်ရှိစေရန် ဆောင်ရွက်ခြင်း

၃။ ပြည်နယ်၊တိုင်းဒေသကြီးများမှ ပေးပို့စုဆောင်းထားသော သစ်ခွပင်များအား သစ်ခွ ပျိုး ဥယျာဉ်တွင် စိုက်ပျိုးပြုစုထိန်းသိမ်းထားခြင်း