MRRP

၁။ မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝပြီး သစ်တော များသည် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများအပြင် သဘာဝပတ်ဝန်းကျင် ကောင်းမွန် ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျှက်ရှိပါသည်။ မြန်မာ့သစ်တောများသည် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေလိုအပ်ချက်အရပ်ရပ်ကြောင့် သစ်တောသယံဇာတ များ ထုတ်ယူသုံးစွဲခဲ့ရာ တဖြည်းဖြည်း လျော့နည်းကျဆင်းလာခဲ့ပြီး ၂၀၁၅ ခုနှစ် FAO ၏ သစ်တောသယံဇာတအခြေအနေဆန်းစစ်ချက် (Forest Resource Assessment-FRA 2015) အရ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏၄၂.၉၂ ရာခိုင်နှုန်းရှိပါသည်။

၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွန်ချက်နှင့်အညီ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာကွယ်ရန်၊ နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများမှ လျော့နည်းသက်သာစေရန် နှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များအားဖြည့်ဆည်း နိုင်ရန် ရည်ရွယ်၍ သစ်တောစိုက်ခင်းတည်ထောင်ခြင်းအပါအဝင် သစ်တောပြုစုထိန်းသိမ်း ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme) ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြု ချက်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ၊ ၁၀ နှစ် စီမံကိန်းအား ပထမ ၅ နှစ်၊ ဒုတိယ ၅ နှစ် ခွဲခြား၍ အောက်ပါ ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

(၁) သင့်လျော်သော နည်းစနစ်အမျိုးမျိုးဖြင့် သစ်တောများ တည်ထောင်ရန်နှင့် စိုက်ပျိုး ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊

(၂) သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းတွင် ပုဂ္ဂလိကနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သူများမှ ရင်းနှီးမြှုပ်နှံလာစေရေး တွန်းအားပေးဆောင်ရွက်ရန်၊

(၃) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၊ ဥယျာဉ်ခြံများနှင့် သီးနှံ သစ်တောရောနှောစိုက်ခင်းလုပ်ကိုင်ခြင်းများကို အထောက်အပံ့ပြုရန်၊

(၄) သစ်တောကဏ္ဍနှင့် ဆက်စပ် ပတ်သက်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာ့သစ်တောစိုက်ခင်း မူဝါဒပေါ်ပေါက်လာစေရန်၊

(၅) သစ်တောများပြန်လည်တည်ထောင်ရေးနှင့် ပတ်သက်၍လုပ်ငန်းစီမံချက်ရေး ဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့် စစ်ဆေးခြင်း အဆင့်များတွင်ပြည်သူများအပါအဝင်ဆက်စပ်ပတ်သက်သူများပူးပေါင်းပါဝင် လာစေရေး တွန်းအားပေးဆောင်ရွက်ရန်။

၃။ စီမံကိန်းကို သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး နှစ်စဉ်စီမံချက်များရေးဆွဲ၍ သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဖြစ်သည့် သစ်တောလုပ်ငန်း ၁၉ ရပ် အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၇-၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်(Action Plan) ဆောင်ရွက်ပြီးစီးမှုအခြေအနေ

၄။ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းအရ ၂၀၁၇-၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်(Action Plan)ပါ သစ်တောလုပ်ငန်းများအားသစ်တောဦးစီးဌာနမှ ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ သစ်တောခရိုင် ၆၈ ခရိုင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ 

စဉ်

လုပ်ငန်းအမျိုးအစား

ရေ
တွက်
ပုံ

လျာ ထား ချက်

ဆောင်ရွက်ပြီးစီးမှု

ရာခိုင် နှုန်း

(%)

 

 

သစ်တောစိုက်ခင်းမူဝါဒရေးဆွဲခြင်း

 

 

ဆောင်ရွက်ဆဲ

 

 

 

ဓမ္မတာမျိုးဆက်ခြင်းအထောက် အကူပြုလုပ်ငန်းများဆောင်ရွက်ခြင်း

ဧက

၅၇၄၇၀

၅၇၂၂၀

၉၉.၅၆

 

 

သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း

ဧက

၁၄၀၆၀

၁၃၇၁၀

၉၇.၅၁

 

 

သစ်တောစိုက်ခင်းတည်ထောင်ခြင်း

 

 

 

 

 

က

 

နိုင်ငံတော်ပိုင်သစ်တောစိုက်ခင်း

 

၂၂၅၀၇

၂၂၆၀၇

၁၀၀.၄၄

 

 

 စီးပွားရေးစိုက်ခင်း

ဧက

၁၄၉၇၀

၁၄၉၇၀

၁၀၀

 

 

ရေဝေရေလဲစိုက်ခင်း

ဧက

၂၂၅၀

၂၂၅၀

၁၀၀

 

 

ဒီရေတောစိုက်ခင်း

ဧက

၃၀၈၀

၃၀၈၀

၁၀၀

 

 

 ကျေးရွာထင်းစိုက်ခင်း

ဧက

၂၂၀၇

၂၂၀၇

၁၀၀

 

 

ချစ်ကြည်ရေးစိုက်ခင်း

ဧက

 

၁၀၀

 

 

 

ပုဂ္ဂလိကသစ်တောစိုက်ခင်း

 

၃၃၃၈၈

၁၅၈၁၉

၄၇.၆၈

 

 

ကျွန်း

ဧက

၁၀၆၈၃

၄၅၁၁

၄၂.၂၃

 

 

သစ်မာ

ဧက

၂၂၇၀၅

၉၄၁၇

၄၁.၄၈

 

 

ဆီအုန်း

ဧက

 

၁၉၉၁

 

 

 

ဒေသခံပြည်သူအစုအဖွဲ့ပိုင်
သစ်တောတည်ထောင်ခြင်း

ဧက

၉၅၀၆၇

၇၂၇၇၇

၇၆.၅၅

 

 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း

ဧက

၁၈၃၁

၁၈၃၁

၁၀၀

 

 

စီးပွားရေးစိုက်ခင်းဟောင်းများ
ပြန်လည်ပြုစုထိန်းသိမ်းခြင်း

ဧက

၁၀၀၂၇

၉၉၃၄

၉၉.၀၇

 

 

လူထုဖြန့်ပျိုးပင်ဖြန့်ဝေစိုက်ပျိုးခြင်း

 

၉၈၀၇၂၃၉

၉၈၁၈၆၂၈

၁၀၀.၁၂

 

 

(၅)နှစ်ပြည့်စိုက်ခင်းဟောင်းများ ပြုစုထိန်းသိမ်းခြင်း

 

 

 

 

 

က

 

ကိုင်းချိုင်ခြင်းနှင့်ရှင်းလင်းခြင်း

ဧက

၄၃၅၅

၄၇၀၅

၁၀၈.၀၄

 

 

ပင်ကျပ်နုတ်ခြင်း

ဧက

၂၁၄၇၅

၂၈၀၄၀

၁၃၀.၅၇

 

 

သစ်မျိုးသန့်ဥယျာဉ်နှင့်သစ်စေ့ထုတ် ဧရိယာတည်ထောင်ခြင်း

ဧက/ခု

၇၇၄

၈၄၁

၁၀၈.၆၆

 

 

သစ်စေ့နှင့်ပျိုးပင်ဌာနအဆင့်မြှင့် တင်ခြင်း

ခု

၁၀၀

၁၀

 

 

ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော တိုးချဲ့ဖွဲ့ စည်းခြင်း

စ/မ

၄၆၆၈

၈၇၆

၁၈.၇၇

၁၁

 

 

သင်တန်းပို့ချခြင်း(ဝန်ထမ်း/ပြည်သူ)

ဦး

၃၆၃၂

၄၁၄၀

၁၁၃. ၉၉