FAO သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင် ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်အစီအစဉ် - FAO Forest Law Enforcement, Governance and Trade Voluntary Partnership Agreement

စီမံကိန်းအမည်  - FAO သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင် ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက်အစီအစဉ် - FAO Forest Law Enforcement, Governance and Trade Voluntary Partnership Agreement

စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - Grant

စီမံကိန်းဒေသ - မြန်မာနိုင်ငံတစ်ဝှမ်း

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations- FAO) စီမံကိန်းကာလ - ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ

အကောင်အထည် ဖော်သည့်ဌာန - ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations- FAO) ဆောင်ရွက်မည့်လုပ်ငန်းများ -  တရားမဝင်သစ်ထုတ်ခြင်းများ လျော့ကျရေးဆောင်ရွက်မှု များ၊ FLEGT၊ REDD+၊ Forest Tenure နှင့် မြေယာအခွင့် အရေးများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ အတွေ့အကြုံများဖလှယ်ခြင်း၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများ ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းစဉ်တွင် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ အထောက် အကူပေးခြင်း၊ FLEGT လုပ်ငန်းစဉ် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းများတွင် အထောက်အပံ့ပေးခြင်း၊ မြန်မာနိုင်ငံ၏ တရားဝင်သစ်အဓိပ္ပါယ်ဖွင့်ဆိုခြင်း လုပ်ငန်း စဉ်အား အထောက်အပံ့ပေးခြင်း၊ သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းတွင် လိုအပ်ချက်များအား သက်ဆိုင်ရာပါဝင်ပတ်သက်သူများအား အကူအညီပေးခြင်း၊ ဒေသတွင်း သစ်ဈေးကွက်ပြောင်းလဲနေမှုများ၊ တရားဝင် ထုတ်လုပ်ရောင်းချနိုင်ရန် အခက်အခဲများအား လေ့လာ စစ်ဆေးခြင်း၊ SME များအား ကူညီထောက်ပံ့ပေးခြင်း၊ တရားဝင်သစ်ရောင်းချနိုင်ရေးအတွက် ဒေသခံတိုင်းရင်းသား များ၊ SME လုပ်ငန်းရှင်များနှင့် ထိခိုက်နစ်နာနိုင်ချေများ သော လူမှုအဖွဲ့အစည်းများ၏ အခွင့်အရေးများအား တိုးမြှင့် ပေးခြင်း၊ တရားဝင်သစ်ထုတ်ခြင်း၊ သစ်ထုတ်ခြင်း ကွင်းဆက်နှင့် ရောင်းချခြင်းတို့တွင် အားလုံးပူးပေါင်းပါဝင်ခြင်းနှင့် တန်းတူ အခွင့်အရေးရရှိစေခြင်းတို့ အားကောင်းလာစေခြင်း၊ FLEGT လုပ်ငန်းစဉ်၏ လူငယ်များ၊ အသေးစားအလတ် စားလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများပေါ်တွင် သက်ရောက်မှုများနှင့်သက်ဆိုင်သောသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန၊ သစ်တောဦးစီးဌာန ဖုန်း- ၀၆၇၃၄၀၅၀၁၉