Myanmar Extractive Industries Transparency Initiative (EITI) သစ်တောကဏ္ဍအစီရင်ခံစာများ (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်) နှင့် (၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်) ထုတ်ပြန်ခြင်း

၂၀၀၂ ခုနှစ်၊ တောင်အာဖရိကနိုင်ငံ Johannesburg မြို့၌ ကျင်းပသော ကမ္ဘာ့မြေထိပ်သီး ညီလာခံတွင် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင်းလင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) လိုအပ်ကြောင်း စတင်နှိုးဆော်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ လန်ဒန်မြို့၌ EITI လုပ်ငန်းစဉ်ကို သယံဇာတပေါကြွယ်ဝသောနိုင်ငံများ၊ သယံဇာတတူးဖော်မှု လုပ်ကိုင်သော ကုမ္ပဏီများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ တရားဝင်သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ ပါသည်။
လက်ရှိကာလတွင် နိုင်ငံပေါင်း (၅၃)နိုင်ငံမှ EITI လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေ သော်လည်း သစ်တောကဏ္ဍကို ထည့်သွင်းဆောင်ရွက်နေသည့် နှစ်နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံ သစ်တောကဏ္ဍ၏ ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု သည် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းဖြစ်သဖြင့် မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများ ထုတ်ပြန်ခြင်းတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများ (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်)နှင့် (၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်) များ အတွက် အစီရင်ခံစာများ ထုတ်ပြန် လိုက်ပြီဖြစ်ပါသည်။
https://www.forestdepartment.gov.mm/books/other/myanmar-extractive-indus...
https://www.forestdepartment.gov.mm/books/other/myanmar-extractive-indus...
https://www.forestdepartment.gov.mm/books/other/myanmar-extractive-indus...