ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr, Joern Kristensen အား လက်ခံတွေ့ဆုံခြင်း (နေပြည်တော်၊ ၂၆-၂-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား Myanmar Institute for Integrated Development – MIID မှ Executive Director ဖြစ်သူ Mr. Joern Kristensen ဦးဆောင်သည့်အဖွဲ့သည် ယနေ့ (၂၅-၂-၂၀၁၅ ) ရက်နေ့၊ မွန်းလွဲ (၀၂:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက် ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် MIID အနေဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅) နှစ်ကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ အင်းလေးကန် ရေဝေရေလဲဒေသနှင့် မြစ် ချောင်းများတွင် သစ်တောထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများ အတွက် ဝင်ငွေတိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပါအဝင် အခြားလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းအစီအစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅)နှစ်ကာလအတွင်း ချင်းပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်၌ လုပ်ငန်းစီမံကိန်း(၄၇)ခု ပါဝင်ကြောင်း သိရှိရသည်။