ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား ဂျပန်နိုင်ငံ Eastern Car Liner Ltd. မှ Managing Director ၊ Mr. Katsuyuki Irie ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (နေပြည်တော်၊ ၂၆-၂-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်သည် ဂျပန်နိုင်ငံ Eastern Car Liner Ltd. မှ Managing Director ၊ Mr. Katsuyuki Irie ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၂၆-၂-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၂:၀၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှ နိုင်ငံခြားတိုင်းပြည်များသို့ Good Second - Hand မော်တော်ယာဉ်များ တင်ပို့ရာတွင် ဂျပန်နိုင်ငံ၏ စည်းမျဉ်းများနှင့်အညီ စက်ပိုင်းဆိုင်ရာ ကောင်းမွန်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုအဆင့် စစ်ဆေးသတ်မှတ်ခြင်းကိစ္စရပ်များ၊ ဂျပန်နိုင်ငံ တွင် မော်တော်ယာဉ်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုရာခိုင်နှုန်း သတ်မှတ်ထား မှုများ၊ မြန်မာနိုင်ငံ၏ အမျိုးသားပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ ပေါ်ပေါက်လာရေးအတွက်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ဆွေးနွေးကြကြောင်းသတင်းရရှိသည်။