အမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း)အပေါ် ဒုတိယအကြိမ် ကျွမ်းကျင်သူ စားပွဲဝိုင်းဆွေးနွေးပွဲ (2nd Expert Round Table Meeting) ကျင်းပခြင်း

၁။ အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် အကြံပြုချက်များအား ဆွေးနွေးရန် ဒုတိယ အကြိမ်ကျွမ်းကျင်သူ စားပွဲဝိုင်းဆွေးနွေးပွဲကို ၉-၃-၂၀၁၅ ရက်နေ့မှ ၁၁-၃-၂၀၁၅ ရက်နေ့အထိ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂။ ဆွေးနွေးပွဲ၏ တတိယနေ့တွင် မြေအသုံးချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့၀င်များ၊ အမျိုးသားမြေအရင်းအမြစ် ဥပဒေရေးဆွဲရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့၀င် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ဌာနအဖွဲ့အစည်း များမှ ကျွမ်းကျင်သူကိုယ်စားလှယ်များ၊ အငြိမ်းစားကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် လူမူအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ စုစုပေါင်း(၁၀၃)ဦး တက်ရောက်ဆွေးနွေးပါသည်။ ၃။ ယနေ့ဆွေးနွေးပွဲသို့ မြေအသုံးချမှု မူဝါဒသုံးသပ်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ၄။ ဒုတိယ၀န်ကြီးမှ ဒုတိယအကြိမ် ကျွမ်းကျင်သူ စားပွဲဝိုင်းဆွေးနွေးပွဲအတွင်း အများပြည်သူ အကြံပြုချက်များမှ အဓိကအချက်များကို ဆွေးနွေးခြင်း၊ အကြံပြုချက်များကို မူဝါဒမူကြမ်းပါ အကြောင်းအရာများနှင့် နှိုင်းယှဉ်သုံးသပ်ခြင်းတို့ကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ပြီးမြောက်အောင် ဝိုင်း၀န်းဆွေးနွေးနိုင်ခဲ့ကြသည့်အတွက် တက်ရောက်လာသည့် ကျွမ်းကျင်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မူဝါဒမူကြမ်းပါ အကြောင်းအရာများအား ပြင်ဆင် ဖြည့်စွက်ခြင်းကို အပြီးသတ်ဆောင်ရွက်ကြမည်ဖြစ်၍ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူပညာရှင် များစုစည်းကာ မိမိတို့၏ ကျွမ်းကျင်သူများကိုအခြေခံပြီး နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်နေ သည့် အမျိုးသားမြေအသုံးချမှု မူဝါဒတစ်ရပ် ရေးဆွဲချမှတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားပါသည်။ ၅။ နိုင်ငံတော်အတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို တစ်မျိုးသားလုံး သက်ဆိုင်နေသည့်အတွက် နိုင်ငံတော်၊ ၀န်ကြီးဌာနကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများမှ စိတ်ရောကိုယ်ပါ ပါ၀င်ပြီး အမျိုးသားရေးတာ၀န်တစ်ရပ်အနေဖြင့် All Inclusive အားလုံးပူးပေါင်း ပါ၀င်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အများပြည်သူ အကြံ ပြုချက်များအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ဆွေးနွေးပြီး ရေးဆွဲထားသည့် ပဉ္စမမူကြမ်းကို ယှဉ်တွဲ သုံးသပ်ကာ အပြီးသတ်အဆင့် ဆဌမမူကြမ်းအဖြစ် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိသည်။