ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား MKTI, Sunchang Corporation မှ C.E.O ဖြစ်သူ Mr. Lee Yoon Young နှင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း (နေပြည်တော်၊ ၁၁-၃-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Myanmar Korea Timber International Ltd. (MKTI), Sunchang Corporation မှ C.E.O ဖြစ်သူ Mr. Lee Yoon Young ၊ Executive Managing Director ဖြစ်သူ Mr. Choi Do-Hak တို့သည် ယနေ့ ၁၁-၃-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန မြန်မာ့ သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် MKTI ၏ ဆွာအထပ်သားစက်ရုံမှ လုပ်ငန်းတိုးတက် ဆောင်ရွက်မှုအခြေအနေ၊ ထုတ်လုပ်မှုတိုးတက်ရန်အတွက် သစ်ကုန်ကြမ်းရရှိနိုင်မှု အလား အလာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သဘာဝတောများမှထုတ်ယူမှု လျှော့ချ လျက်ရှိသည့် အခြေအနေနှင့် ပြည်ပမှ သစ်ကုန်ကြမ်းတင်သွင်း၍ ပြုပြင်ထုတ်လုပ် တင်ပို့ နိုင်ရေးအတွက် အားပေးဆောင်ရွက်မှုများ၊ ရေရှည်သစ်ကုန်ကြမ်းရရှိရေးအတွက် ကိုယ်ပိုင် သစ်တောစိုက်ခင်း တည်ထောင်စိုက်ပျိုးနိုင်သည့် အစီအမံများ၊ အခြားကုမ္ပဏီများနှင့် ပူးပေါင်း ၍ လုပ်ငန်းတိုးချဲ့မည့် အစီအမံများ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။