ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင် အားသြစတြေးလျနိုင်ငံEumeralla Resources Limited မှDirectorဖြစ်သူMr. Attila Tamasဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း (၂၄-၃-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင် သည်သြစတြေးလျနိုင်ငံEumeralla Resources Limited မှ Director ဖြစ်သူ Mr. Attila Tamas ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားယနေ့(၂၄-၃-၂၀၁၅) ရက်နံနက် (၀၉:၃၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ကယားပြည်နယ်၌ ခဲမဖြူအဖြိုက်နက် သတ္တုတူးဖော်ထုတ်လုပ်ခြင်း နှင့်ပတ်သက်၍ အဆင့်အလိုက်ဆောင်ရွက်မှု လုပ်ငန်းစဉ်များဖြစ်သော ကြိုတင်ကွင်းဆင်း လေ့လာ ခြင်း၊ စမ်းသပ်ရှာဖွေတူးဖော်ခြင်း၊ စီးပွားဖြစ်ထုတ်လုပ်ခြင်းတို့တွင် သစ်တောသယံဇာတများ ထိခိုက် ပျက်စီးမှုမရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ရေး ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး၊ စီးပွားဖြစ်စီမံကိန်းအဖြစ် သတ္တု တူးဖော်ထုတ်လုပ်မည်ဆိုပါက စီမံကိန်းလုပ်ကိုင်မည့် နေရာဒေသတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များလိုက်နာဆောင်ရွက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေးအပေါ် သက်ရောက်မှုများကိုတားဆီးကာကွယ်ရန်အစီအမံများဆောင်ရွက်ရေး၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ စီမံကိန်းလုပ်ငန်းများပြီးစီးသွားသည့် နောက်ပိုင်းသစ်တောများထိန်းသိမ်းခြင်း၊ သစ်တောများစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍အကျယ်တဝင့် ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။