Myanmar – ICIMOD Day အခမ်းအနားကျင်းပခြင်းသတင်း (၂၅.၃.၂၀၁၅) နေပြည်တော်

Myanmar- ICIMOD Day အခမ်းအနားကို နေပြည်တော်ရှိ Grand Amara Hotel ၌ ယနေ့ (၂၅.၃.၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းတက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့် မြင့်အရာရှိ ကြီးများ၊ ICIMOD ညွှန်ကြားရေးမှူးချုပ် Dr. David James Molden ၊ ICIMOD နှင့် အခြား NGOs ၊ INGO များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် မြေမျက်နှာ သွင်ပြင်အရ တောင်ထူထပ်သောနိုင်ငံဖြစ်ပြီး နိုင်ငံ၏ ၄၂% ခန့်သည် တောင်တန်းဒေသများဖြစ် ကြောင်း၊ တောင်တန်းဒေသများသည် ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများ၊ ယဉ်ကျေးမှုအမွေအနှစ် များ အတွက်သာမက နိုင်ငံ၏စီးပွားရေးအတွက် အရေးပါပြီး၊ အထူးသဖြင့် အဓိကမြစ်ကြီးများ အတွက် ရေအရင်းအမြစ် မြစ်ဖျားခံရာဒေသများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ Key Biodiversity Areas (KBA) ၁၃၂ ခု၏ ၇၅% သည် တောင်ပေါ်ဒေသများတွင်တည်ရှိနေပြီး ကမ္ဘာ့အရေးကြီးမျိုးစိတ်များ၏ နေရင်းဒေသများဖြစ်ကြောင်း၊ သဘာဝသယံဇာတများ ရေရှည် တည်တံ့အောင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်စနစ်တကျထုတ်ယူသုံးစွဲနိုင်ရေးသည် အမျိုးသား မူဝါဒများ၊ မူဘောင်များနှင့် မဟာဗျူဟာများတွင် ပါဝင်နေကြောင်း၊
သို့ရာတွင် အခြားမြေအသုံးချမှု ၊ ဒေသဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ရာသီဥတုပြောင်း လဲမှုတို့ကြောင့် တောင်တန်းများတွင် ဂေဟစနစ် ဝန်ဆောင်မှုများပျက်စီးလျော့နည်းခြင်း၊ ပတ်ဝန်း ကျင်ထိခိုက်ပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများလျော့နည်းခြင်းများကြုံတွေ့လာရကြောင်း၊ အကျိုး ဆက်အနေဖြင့် ရေချိုသယံဇာတရှားပါးမှု၊ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း ကျဆင်းလာမှု၊ စွမ်းအင် မလုံလောက်မှု စသည့်ပြဿနာများကို ရင်ဆိုင်ရပြီး နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်ကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် မူဘောင်များတွင် ထာဝစဉ်ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်ကိုပါ ထည့်သွင်းပေါင်းစပ်ရေး၊ သဘာ၀ သယံဇာတများအား ထာဝစဉ်တည်တံ့စေမည့် နည်းလမ်းဖြင့် စီမံအုပ်ချုပ်ရေး၊ ထိန်းသိမ်းရေးနှင့် အသုံးချရေးတို့အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊
တောင်တန်းဂေဟစနစ်များနှင့် ဆက်စပ်သောပြဿနာများတွင် ထိရောက်သော ဖြေရှင်း ချက်များရရှိရေးအတွက် ဒေသတွင်းနှင့် နိုင်ငံချင်းနယ်နိမိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု များ ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ICIMOD ကဲ့သို့ အဖွဲ့ အစည်းများ၏ အကူ အညီဖြင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် တောင်တန်းဒေသ ပတ်ဝန်းကျင်ထာဝစဉ်တည်တံ့ရေး ကြိုးပမ်းချက်များ တိုးတက်ကောင်းမွန်လာ စေရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ရင်ဆိုင်ကြုံတွေ့ရသော ပြဿနာများကို ပူးပေါင်း လက်တွဲဖြေရှင်းရေးတို့အတွက် ကြီးမားသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊
လက်ရှိရေးဆွဲဆောင်ရွက်နေသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် အုပ်ချုပ်လုပ်ကိုင်မှု မဟာဗျူဟာ ဖော်ဆောင်ခြင်းနှင့် REDD+ ကနဦးစတင်မှုများတွင် ICIMOD ၏ နည်းပညာပံ့ပိုးကူညီမှုများသည် တောင်တန်းဒေသများ၏ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်း ကျင်ကို ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူပြုလုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ဆောင် ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် GDP တိုးတက်မှုနှုန်း ၇.၃% ရရှိခဲ့သဖြင့် ခန့်မှန်းထားသော တိုးတက်မှုနှုန်း ၆.၇% ထက် ကျော်လွန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ GDP သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၈.၂၅%အထိ ဆက်လက်တိုးတက်ခဲ့ပါကြောင်း၊ အဆိုပါတိုးတက်မှုသည် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် မိတ်ဖက်များကြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ရရှိလာသော အောင်မြင်မှုရလဒ်ဖြစ်ပါကြောင်း၊
ပြည်သူများအတွက် တိုက်ရိုက်အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် နိုင်ငံတော် ဦးစားပေး လုပ်ငန်း (၇)ရပ်ဖြစ်သော လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး ၊ စိုက်ပျိုးရေးကဏ္ဍ ၊ အလုပ် အကိုင်အခွင့် အလမ်းဖန်တီးပေးရေး၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ်တွင် အဓိကအလေးထားကာ စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊
အဆိုပါ လုပ်ငန်းများ အောင်မြင်ရေးအတွက် သဘာဝပတ်ဝန်းကျင် တည်ငြိမ်ရေး၊ ဂေဟ စနစ်များနှင့် ဇီ၀မျိုးစုံမျိုးကွဲများ ထာဝစဉ်တည်တံ့ရေးတို့မှာအလွန်အရေးကြီးပါကြောင်း၊ ပတ်ဝန်းကျင် နှင့်ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ပါဝင်ဆောင်ရွက်မှုဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေသော်လည်း နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနှင့် ပံ့ပိုးမှုများ လိုအပ်နေဆဲပင်ဖြစ်ကြောင်း၊
ယနေ့ကျင်းပပြုလုပ်သော Myanmar - ICIMOD Day အခမ်းအနားသည် ဇီဝမျိုးစုံ မျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ထိန်းသိမ်းရန် ကတိကဝတ်များ၊ မိမိတို့၏ ကြိုးပမ်းချက် များ၊ ဆုံးဖြတ်ချက်များ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများထိန်းသိမ်းရန် ကတိကဝတ် များ စသည်တို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်လျက် ရှိပါကြောင်း၊
ယနေ့အခမ်းအနားတွင် ထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများဖြစ်သည့် Hi-LIFE Initiative ၊ Himalica initiative ၊ Adapt Himal၊ Ecotourism ၊ REDD+ စသည့် ICIMOD နှင့် ပူးပေါင်း ဆောင်ရွက်မှုများအားလုံးကို တူညီသော ဦးတည်ချက်လမ်းကြောင်းပေါ်၌ တောင်တန်းဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာရပ်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ တောင်တန်းဒေသများ၏ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စုံလင်ကွဲပြားမှု များကို နောင်အနာဂတ်သားစဉ် မြေးဆက်အထိ ရေရှည်တည်တံ့စေရေးအတွက် အထောက် အကူပြု မည်ဖြစ်ကြောင်း၊
Myanmar - ICIMOD Day သည် လက်ရှိဆောင်ရွက်ချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အခြေခံတစ်ခုဖြစ်ရေး ကို အထောက်အကူပြုမည့် ရလဒ်ကောင်းများဖြစ်လာစေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြား ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဘက်စုံဖွံ့ဖြိုးရေးဗဟိုအဖွဲ့ International Centre for Integrated Mountain Development– ICIMOD သည် ဟိမဝန္တာတောင်စဉ် တောင်တန်း တစ်လျှောက်တွင် ပါဝင်ကျရောက်နေသည့် နယ်နိမိတ်ထိစပ်နေသောနိုင်ငံများအား အဖွဲ့ဝင်နိုင်ငံ များအဖြစ် အခြေတည်ဖွဲ့စည်းကာ ၁၉၈၃ ခုနှစ်ကပင် စတင်ဖွင့်လှစ် တည်ထောင်ခဲ့ကြပြီး နည်းပညာရပ်များဆိုင်ရာ လေ့လာသုသေတနပြုလုပ်ခြင်း၊ ထိန်းသိမ်းရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ အတွက်ရည်ရွယ်ကာ လုပ်ငန်စဉ် ၅ ခုအဖြစ် Watershed Management ၊ Off farm Employment Generation ၊ Rural Energy Planning ၊ Engineering in Fragile Environments and Information system for Mountain Development တို့အား ဆောင်ရွက်လျက်ရှိသောအဖွဲ့အစည်းဖြစ်ပါသည်။ ဟိမဝန္တာတောင်စဉ်တောင်တန်းများနှင့် ဆက်စပ် ပတ်သက်နေသည့် နိုင်ငံ(၈)နိုင်ငံတို့မှ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံတော်အစိုးရအဖွဲ့ ခွင့်ပြုချက်အရ နီပေါနိုင်ငံအခြေစိုက် ICIMOD အဖွဲ့သို့ ၁၉၉၀ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် ICIMOD တို့ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Environmental Change and Ecosystem Services, Sustainable Livelihoods and Poverty Reduction, Integrated Water and Hazard Management, Mountain Environment and Natural Resources Information System Development (MENRIS), and Himalayan University Consortium (HUC) အစီအစဉ်များတွင် နည်းပညာနှင့်ရံပုံငွေ အထောက်အပံ့များ ကူညီဆောင်ရွက်ပေးခြင်းဖြင့် အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းမှ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိသည်ဟုသိရပါသည်။
မြန်မာနိုင်ငံမှ ICIMOD တာဝန်ခံဌာနအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအစီအစဉ်များတွင် ဆက်စပ်ပတ်သက်နေသည့် ဝန်ကြီးဌာနများနှင့်လည်း အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မြန်မာနိုင်ငံနှင့် ICIMOD အဖွဲ့တို့ကြားတွင်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ကြားတွင်လည်းကောင်း၊ ပတ်သက်ဆက်စပ်နေသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများကြားတွင် လည်းကောင်း ပိုမိုတိုးတက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ Myanmar – ICIMOD Day အဖြစ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိပါသည်။