ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းလုပ်ငန်းများပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအတွင်းဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေး ကျင်ပခဲ့ခြင်းသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းကို စနစ်တကျ စီမံကိန်းများရေးဆွဲ၍ သော်လည်းကောင်း သဘာဝထိန်းသိမ်းရေးနယ် မြေများသက်မှတ်၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေသလို နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်း လုပ်ဆောင်လျက်ရှိနေပါသည်။ ထိုသို့ ပူပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်လာစေရန်၊ လစ်ဟာမှုများနည်းပါးလာစေရန်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများတွင် အဖွဲ့အစည်းများ၏ ပေါင်းစပ်လုပ်ကိုင် မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေး ကို မတ်လ (၁၈)ရက်နေ့မှ (၁၉)ရက်နေ့အထိ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
အစည်းအဝေးသို့ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန် ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော IUCN၊ UNDP ၊UNESCO၊ ASEAN Center for Biodiversity(ACB)၊ Fauna and Flora International(FFI)၊ ICIMOD၊ Makino Botanical Gardens၊ National Institute of Biological Resources(NIBR)၊ Norwegian Environment Agency(NEA)၊ OIKOS၊ SCBI,Smithsonian Institute၊ Spectrum၊ University of Maeburg၊ Wildfife Conservation Society(WCS)၊ WWF စသည့် အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် FREDA၊ ECCDI Friends of Wildlife၊ MERN နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များတက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးကို မတ်လ(၁၈) ရက်နေ့မှ (၁၉) ရက်နေ့ထိ(၂)ရက်ကြာ ကျင်းပသွား ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်ခြင်းလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် အဖွဲ့အစည်းအသီးသီး မှ ၎င်းတို့လုပ်ဆောင်လျက်ရှိသော ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အတွေ့ အကြုံများကို ရှင်းလင်းတင်ပြခြင်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေ သေးသည့်ဒေသများ၊ လစ်ဟာလျက်ရှိသည် နည်းပညာများကို ပညာရှင်အုပ်စု များခွဲ၍ ဆွေးနွေးခြင်း များ၊ ရရှိလာသော အကြံပြုဆွေးနွေးချက်များကို ပြည်လည်တင်ပြခြင်းကို ပြုလုပ်ခဲ့ကြပြီးနောက် ဒုတိယနေ့တွင် ထိန်းသိမ်းကာကွယ်ရန် ကျန်ရှိနေသည့် ဒေသများတွင် ဆက်လက်ထိန်းသိမ်း ကာကွယ်ရန် အခွင့်အလမ်းများ၊ မူဝါဒနှင့်နည်းဗျူဟာ အခွင့်အလမ်းများအကြောင်း ထပ်မံဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများမှ ၎င်းတို့၏ အမြင်များကို ပေါင်းစပ်၍ ရှေ့ဆက်လုပ် ဆောင်မည့် စီမံကိန်းများ၊ လှုပ်ရှားမှုများတွင် ပိုမိုထိရောက် အောင်မြင်စေရန် ကြိုးစားဆောင်ရွက် သွားကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရာတွင် အသုံးပြုနိုင် မည်ဖြစ်ကာအာရှတိုက်၏ဇီဝမျိုးစုံမျိုးကွဲ နောက်ဆုံးခံတပ်ကို အားသစ်လောင်း ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။