တနင်္သာရီတိုင်းဒေသကြီး၊ လန်ပိ အဏ္ဏဝါအမျိုးသား ဥယျာဉ်၌ ငှက်မျိုးစိတ်နှင့် နို့တိုက်သတ္တဝါ မျိုးစိတ်များ ဆန်းစစ်လေ့လာခြင်း

မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို အလေးထားဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေများတည်ထောင်ခြင်း၊ ဘေးမဲ့တောများ၊ အမျိုးသား ဥယျာဉ်များတည်ထောင်ခြင်း၊ သစ်တောဥပဒေ၊ နည်းဥပဒေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးမူဝါဒ၊ ဥပဒေများပြဋ္ဌာန်း ဆောင်ရွက် လျက်ရှိပါသည်။ ရှိပြီးသားအပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကို စနစ်တကျထိန်းသိမ်း ထားရှိသကဲ့သို့ မျိုးစိတ်အသစ်များတွေ့ရှိလျှင်လည်း မျိုးစိတ်လေ့လာဖော်ထုတ်ကာ ကာကွယ်ထိန်းသိမ်းလျက် ရှိပါသည်။
သစ်တောဦးစီးဌာနနှင့် အီတလီနိုင်ငံ အခြေစိုက် IstituKo Oikos တို့ ပူးပေါင်း၍ ဥယျာဉ်အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အကောင် အထည်ဖော်ရန် MOA လက်မှတ် ရေးထိုးပြီး စီမံချက်အကောင်အထည်ဖော်ခြင်းအဖြစ် Oikosမှ ကျွမ်းကျင်ပညာရှင်များနှင့်သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း လန်ပိကျွန်းမကြီး နှင့် အရံကျွန်း များ တွင် ငှက်မျိုးစိတ်များနှင့် နို့တိုက်သတ္တဝါမျိုးစိတ် များဆန်းစစ် လေ့လာခြင်း စနစ်ရေးဆွဲ ရေးဆိုင်ရာ ကွင်းဆင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်၊ မတ်လ(၉)ရက် နေ့မှ(၂၁)ရက်နေ့ အထိ ဆောင်ရွက်ခဲ့ ပါသည်။
ကွင်းဆင်း လေ့လာချက်အရ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်တွင် ငှက် မျိုးစိတ် (၁၂၀)နှင့် နို့တိုက်သတ္တဝါမျိုးစိတ် (၁၉)မျိုးရှိကြောင်းသိရပြီး မျိုးစိတ်များ စာရင်းကောက် မှတ်တမ်းတင်ခြင်း၊ အချက်အလက်များအား ကွန်ပြူတာဖြင့် သိမ်းဆည်းခြင်း၊ အဆင့်မြင့် နည်းပညာဖြစ်သည့် မျိုးစိတ်ဆန်းစစ်လေ့လာခြင်း (Monitoring Protocol) ကို အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း နို့တိုက်သတ္တဝါများအတွက် ကင်မရာထောင်ချောက်များတပ်ဆင်သည့် နည်းပညာနှင့် ခြေရာအမှတ် အသားများ လေ့လာသည့်နည်းစနစ်များအား ဒေသခံဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကင်မရာထောင်ချောက်များမှ ဓာတ်ပုံများအား မျိုးစိတ်ခွဲခြားခြင်း ဆောင်ရွက်ခဲ့သဖြင့် ဝန်ထမ်းများ ၏ ဘာသာရပ်ဆိုင်ရာ ပညာရပ်များတိုးတက်မြင့်မားလာခဲ့ကြောင်း အခြားဘေးမဲ့တောဥယျာဉ်များ တွင် ၎င်းနည်းပညာများကိုအသုံးပြု၍ တိရစ္ဆာန်မျိုးစိတ်များကို ဆန်းစစ်လေ့လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။