အမျိုးသားအဆင့် မြေအသုံးချမှု မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟိုကော်မတီသည် ၂၀၁၄ခုနှစ်၊ အောက်တိုဘာ (၁၈)ရက်နေ့တွင် အမျိုးသားမြေအသုံးချမှု မူဝါဒ(ပဉ္စမမူကြမ်း)ကို အများပြည်သူသိရှိ လေ့လာနိုင်ရန် ထုတ်ပြန်ခဲ့ပါသည်။ မူဝါဒမူကြမ်းအပေါ် အများပြည်သူပါဝင်ဆွေးနွေး နိုင်သည့် အကြံပြုဆွေးနွေးပွဲများကို ၂၀၁၄ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် ပြည်နယ်၊တိုင်းဒေသကြီး အသီးသီးတွင် (၁၇)ကြိမ် ကျင်းပ၍ အကြံပြုချက်များရယူခဲ့ပြီး အကြံပြုချက်များအပေါ် ကျွမ်းကျင်သူစားပွဲဝိုင်း (၂)ကြိမ်နှင့် မူဝါဒ ပြန်လည်ရေးဆွဲရေး အစည်းအဝေးများ ကျင်းပ၍ မူဝါဒ (ဆဌမမူကြမ်း)ကို ပြင်ဆင်ရေးသားခဲ့ပါသည်။ ရေးဆွဲပြုစုပြီးသည့် မူဝါဒမူကြမ်းအပေါ် ဆွေးနွေးနိုင်ရန် အများသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ ဇွန်လ (၂၉၊၃၀)ရက်နေ့ နံနက်တွင် MICC II ​နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားများ ၊ မြေယာကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေး နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက  ဦးမိုးသူ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်နိုင်ပါသည်။

မူဝါဒ(မူကြမ်း)အားကြိုတင်လေ့လာနိုင်ရန် အင်တာနက် ဝက်ဆိုဒ်

http://www.fdmoecaf.gov.mm/documents/ မှ download ပြုလုပ်ရယူနိုင်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ပါကလည်း မူဝါဒ(မူကြမ်း) နှင့်ပတ်သတ်သော ဆွေးနွေးအကြံပြုချက်များကို အောက်ပါအီးမေးလ်သို့ ပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း ပေးပို့နိုင်ပါသည်။

[email protected] သို့မဟုတ် သစ်တောဦးစီးဌာန၊ ရုံးအမှတ် ၃၉၊ နေပြည်တော်သို့ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေပေးပို့နိုင်ပါသည်။