ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ သစ်တောသယံဇာတများကို ပြည်သူလူထုအကျိုးအတွက် စနစ်တကျ စီမံအုပ်ချုပ် လျက်ရှိနေသကဲ့သို့ ဝိသမလောဘသားများ၏ တရားမဝင်သစ်ခိုးထုတ်ယူမှုနှင့် သယ်ဆောင်မှုများ အား အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်း၍လည်းကောင်း၊ အများပြည်သူများ၏ သတင်း ပေးပူးပေါင်းပါဝင်မှုဖြင့်လည်းကောင်း အရှိန်အဟုန်မြှင့် ဖမ်းဆီးဖော်ထုတ် အရေးယူလျက်ရှိ ပါသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်တွင် တရားမဝင်သစ်များ ခွဲစိတ်လုပ်ကိုင်နေ ကြောင်း သတင်းအရ သစ်တောဦးစီးရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်း ဦးဆောင် သော သစ်တောဝန်ထမ်းများပါဝင်သည့် အထူးစစ်ကြောင်းသည် (၂၀-၆-၂၀၁၅) ရက်နေ့တွင် ရွှေကူ မြို့သို့ သွားရောက်၍ တရားမဝင် သစ်ဖမ်းဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရွှေကူမြို့ပေါ် ရပ်ကွက်များမှ တရားဝင်လိုင်စင်ရှိ သစ်စက်(၆)လုံး၏ သစ်စက်ဝင်းများအတွင်းနှင့် နီးစပ်ရာ ခြံဝင်းများအတွင်းမှ တရားမဝင် အင်ကြင်း/ကညင်သစ်လုံး/ခွဲသား စုစုပေါင်း (၁၇၃.၇၄၃၆)တန် အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ရွှေကူမြို့၊ ဧရာဝတီမြစ်ဘေးတွင် ဆိုက်ကပ်ထားသော မော်တော်များအား ထပ်မံစစ်ဆေးခဲ့ရာ ဇေယျာကျော်မော်တော်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၈၇.၃၆၂၂)တန်၊ မြဆန်းမိုးမော်တော်ပေါ်မှ တရားမဝင် ကညင်ပကာခြမ်း(၃၀)တန်ခန့်အား တွေ့ရှိရသဖြင့် အသေး စိတ်တိုင်းတာ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တရားမဝင် သစ်လုပ်ကိုင်ဆောင်ရွက်သူ များအား သစ်တောဥပေဒနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။