ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံလိုအပ်ချက် များကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကုန်အပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။