ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံများ ထုတ်လုပ်ပေးသွင်းခြင်းလုပ်ငန်းအပ်နှံရေး အစည်းအဝေး

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံများ ထုတ်လုပ်ပေးသွင်းခြင်းလုပ်ငန်းအပ်နှံနိုင်ရေး အစည်းအဝေးအား ယနေ့ ၂၁-၇-၂၀၁၅ ရက်နေ့ ၊ သစ်တောဦးစီးဌာနရုံးအမှတ် (၃၉)တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောဦးစီဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။