ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်းသတင်း (၁၇.၇.၂၀၁၅ ၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်သည် (၁၇.၇.၂၀၁၅)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီတွင် သစ်တောသုတေသန၊ စုဝေးခန်းမ၌ ကျင်းပသော ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါ သည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တော်သစ် တည်ဆောက်ရာတွင် ပြောင်းလဲလာသည့် ခေတ်စနစ်မူဝါဒ၊ လုပ်ထုံးလုပ်နည်း ဖြေလျော့ ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူဗဟိုပြု၍ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံ နေရသည့်မြို့နယ်၊ ခရိုင်အဆင့် သစ်တောအရာရှိများကို ပြောင်းလဲလာသည့်အခြေအနေများနှင့်အညီ ပြုပြင်ပြောင်းလဲခြင်းမူဝါဒနှင့် မဟာဗျူဟာများကို လက်တွေ့ဖြစ်ထွန်း အသက်ဝင်လာစေရန်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲခြင်းများ ချမှတ်ဆောင်ရွက်နေရာတွင် အလယ်အလတ်နှင့် အောက်ခြေအဆင့်များတွင် ပြောင်းလဲမှုများ မရောက်ရှိသေးသည့်အတွက် မိမိတာဝန်ယူနေရသည့် ခရိုင်အတွင်းရှိ အောက်ခြေအဆင့်ဆင့်သော ဝန်ထမ်းများသို့ တာဝန်ရှိမှုများကို သိမြင်နားလည်လာ စေရန်အတွက် ခရိုင်သစ်တောအရာရှိများသည် Key Player များအဖြစ်ရှိနေပါကြောင်း၊ ထို့အပြင် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ပြုပြင်ရေးဆွဲရမည့် အချိန်ကာလဖြစ်သည့်အတွက် နောင်(၁၀)နှစ်အတွက် သစ်တောကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစီမံကိန်းများကို ပီပီပြင်ပြင်ရေးဆွဲ နိုင်ရန်အတွက် အမြင်နှင့်အတတ်ပညာများရှိနေရန်လိုအပ်ကြောင်း၊ ခရိုင်မှတာဝန်ယူဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြောင်းလဲလာသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန် ကြားချက်များနှင့်အညီဆောင်ရွက်နိုင်ရန်အတွက် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ ဘာသာရပ်များသာ မက အခြားဌာနအဖွဲ့အစည်းများမှ သင်တန်းဆရာများဖိတ်ခေါ်၍ ပြည်သူ့ဆက်ဆံရေး၊ မီဒီယာနှင့် သစ်တောကဏ္ဍဘာသာရပ်၊ နိုင်ငံတော်အစိုးရ၏ကောင်းမွန်သောအုပ်ချုပ်မှု(Good Governance ) ဥပဒေရေးရာကိစ္စရပ်များ အစရှိသည့် ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးခဲ့ပါကြောင်း၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏ တန်ဘိုးကြီး မားသည့် ဘဏ္ဍာဖြစ်သော အဖိုးတန်သစ်တောသယံဇာတများကို မဆုံးရှုံးအောင်တားဆီး ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံခဲ့ရပြီ ဖြစ်ပါကြောင်း၊ ယခုအခါ လူဦးရေတိုးပွားလာသည်နှင့်အမျှ သစ်တောထွက်ပစ္စည်းများ ပိုမိုထုတ်ယူ လာခြင်းနှင့် သစ်တောမြေများ အခြားမြေအဖြစ်အသုံးချခြင်းများရန်မှ ကာကွယ်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေးတွင် မိမိတို့ဝန်ထမ်းအင်အားတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်သော ကြောင့်ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါသဖြင့် ပညာပေးစည်းရုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း
နိဂုံးချုပ်အနေဖြင့် သင်တန်းသားများသည် နိုင်ငံဝန်ထမ်းများဖြစ်ကြသည့် အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူများအပေါ် သစ္စာရှိစွာ အလုပ်အကျွေးပြုသွားရန်နှင့် ပြောင်းလဲနေသည့် ခေတ် စနစ်နှင့်အညီ လိုက်လျောညီထွေစွာဆောင်ရွက်သွားနိုင်ရန်အတွက် ပြည်သူနှင့် တစ်သားတည်းဖြစ် သည့် Social Forester များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်မှ သင်တန်းသား များကိုယ်စားသင်တန်းသားတစ်ဦးအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီးအခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။