ကျောက်ဖျာချောင်းအတွင်း မျောပါလာသော တောဆင်ရိုင်းငယ် (၁)ကောင်အား ဆယ်ယူ၍ တောတွင်းသို့ ပြန်လည်လွှတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာ၊ တွင်းနယ်ဘိနယ်စခန်းသို့ ကျောက်ဖျာ ချောင်းအတွင်း မျောပါလာသော တောဆင်ရိုင်းငယ် (၁)ကောင်အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ သစ်တောဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများမှ ဆယ်ယူ၍ ကျောက်ဖျာကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ မိခင်တောဆင်ရိုင်းမကြီး ရှိရာသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
၂၅−၇−၂၀၁၅
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာအနီး